အိမ်ပိုင်ရှင် အဘွားက သိပ်သဘောထား ပြည့်ဝသည်။
ရှောင်းကျန့်တို့ကို နေစရာအိမ်မရှိသေးရင် သူမအိမ်မှာပဲ နေထိုင်နိုင်သည်တဲ့လေ။
လောကကြီးမှာ အဘွားလို စိတ်ထားကောင်းတဲ့သူမျိုးက တကယ် ရှားသွားပြီ။
အဘွားရဲ့ နာမည်က ကျိုးဝေ့လီ လို့သိရတယ်။ရှောင်းကျန့်တို့ကတော့ အဘွားကျိုး လို့ ခေါ်ကြသည်။
ဝမ်းနည်းစရာ တစ်ခုက အဘွားမှာ ဆွေမျိုး သားချင်း တစ်ယောက်မှ မရှိတာပဲ။
အသက်အရွယ် ရလာတဲ့ လူတစ်ယောက်က တစ်ယောက်တည်း ချက်ပြုတ်စားသောက်ပြီး အသက်ရှင် နေထိုင်ဖို့က လွယ်ကူ မနေဘူး။
ဒီလိုနဲ့ပဲ အဘွားနှင့်အတူ နေထိုင်ရန် ဝမ်ရိပေါ်နှင့် ရှောင်းကျန့်က ဆုံးဖြတ်ရတော့သည်။
အဘွားကတော့ သူမအတွက် အဖော် ရပြီ ဆိုပြီးတော့ ဝမ်းသာနေရှာတယ်။
ရှောင်းကျန့် တစ်ခါတစ်ရံကျ စဥ်းစားမိသည်။ ဒီရွာက လူတွေ အဘွားလို သက်ကြီး ရွယ်အို တစ်ဦးကိုတောင် ဂရုစိုက်မပေးကြဘူးဆိုတော့ လူမှုရေး စိတ်ဓာတ်လေးတောင် မရှိကြဘူးလား ဆိုပြီး။
အဘွား အိမ်မှာ အခြေ ချ နေထိုင်ခဲ့သည်မှာ ဒီနေ့နဲ့ဆို သုံးရက် ရှိပြီ ဖြစ်သည်။
ရှောင်းကျန့်ကတော့ ဒီလို သာမန် နေထိုင်မှု ဘဝပုံစံ ကို အသားကျ လာပြီ ဖြစ်သော်လည်း ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်နှင့် ခြားနားစွာပင်။
အဘွားရဲ့ အိမ်ကို ရောက်ပြီး ဒုတိယညက ဝမ်ရိပေါ် သူ့ အိပ်ယာထဲ စိတ်တိုကောင် ဝင်နေလို့ ဆိုပြီး အသည်းအသန် အော်ပြီး ထပြေးတာများ သိပ်ရယ်ရတာပဲ။
ဘေးမှာ အိပ်နေတဲ့ ရှောင်းကျန့်ကော အဘွားကျိုးကပါ လန့်ပြီး နိုးသွားခဲ့ ရတာ အဲ့နေ့ညက။
ဝမ်ရိပေါ်က စစ်ရေးစစ်ရာ ကျွမ်းကျင်တဲ့ မင်းသားတစ်ပါး ဆိုတာကို ရှောင်းကျန့် သိထားသည်။ သို့သော် အခုလိုမျိုး ဘာမဟုတ်တဲ့ ပိုးကောင်သေးသေးလေးကို ကြောက်တတ်မယ်လို့ ရှောင်းကျန့် တစ်ခါမှ မထင်ခဲ့ဖူးဘူး။
