ဤတိုင်းပြည်ရဲ့ ရှင်ဘုရင်လောင်း မင်းသားဝမ်ရိပေါ်နှင့် ရှောင်းကျန့်တို့ ၏လက်ထပ်ပွဲ မင်္ဂလာ အခမ်း အနား။
အိမ်ရှေ့စံ အရိုက်အရာ အပ်နှင်းပွဲကိုတော့ မင်းသား ဝမ်ရိပေါ် နန်းပြင်က ပြန်လာသည့်အချိန်ကြမှသာ လုပ်ဖို့ ဧကရာဇ်က စိတ်ကူးထားသည်။
တော်ဝင်မျိုးနွယ်တို့၏ ဓလေ့ထုံးတမ်း နှင့်အညီ ကျင်းပသော မင်္ဂလာပွဲဖြစ်သည့် အလျောက် အခမ်းအနား ပြင်ဆင်မှုသည်လည်း ထည်ဝါ လွန်းလှ၏။
တရုတ်လူမျိုးတို့၏ မင်္ဂလာ အရောင်ဟု သတ်မှတ် ထားသော အနီရောင်ရင့်ရင့် ပိုးထည်ကို ဖဲ ကြိုး တန်ဆာ အဖြစ်အသုံးပြုကာ မင်္ဂလာ ခန်းမကို အလှဆင်ထားသည်။
ဧည့်သည်တော်တို့ကို ဧည့်ခံဖို့အတွက်လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားပါသေးသည်။
မင်းသား ဝမ်ရိပေါ်၏ မင်္ဂလာ အခမ်းအနား ပေမို့ တိုင်းပြည်၏ အမတ်များနှင့် ရပ်ရွာတို့၏ အကြီး အကဲ များသာ မက တိုင်းတစ်ပါးမှ ကိုယ်စား လှယ် တော်များပါ တက်ရောက်ချီးမြှင့် မည် ဖြစ်သည်။
လက်ဆက် ထိမ်းမြှား ပွဲကို နန်းတော်အတွင်းရှိ ကွမ်ရင် မယ်တော်၏ နတ်နန်းဆောင်မှာ ကျင်းပမည် ဖြစ်၏။
နတ်နန်းဆောင် အနီးတဝိုက် ဝန်းကျင်ကို ရဲမက်အစောင့်များနှင့် လုံခြုံရေး ယူထားသည်သာ မက အမှောင့် ပယောဂ များနှင့် မကောင်းဆိုးဝါးများ ဝင်မလာနိုင်စေရန်လည်း ပရိတ်ရေ၊ နံ့သာရေ တို့ဖြင့် လည်း ပတ်ဖျန်း ထားသေးသည်။
--------------
ရိပေါ် ..ရှောင်းကျန့်ကို လက်မထပ်ချင်ပါဘူး။ ဒါပေမဲ့ ခမည်းတော်ရဲ့ အမိန့်ကလည်း ငြင်းပယ်လို့ မရဘူး။ကိစ္စတော့ မရှိပါဘူးလေ။ ရိပေါ်က နောင်တချိန် ရှင်ဘုရင်ဖြစ်လာမဲ့ သူပဲ ကိုယ်ချစ်တဲ့သူကို မိဖုရား ထပ်မြှောက်လို့ ရသေးတယ်။
တစ်ခုပဲ၊ ရိပေါ်ရဲ့ ပထမဦးဆုံး မင်္ဂလာပွဲက ရှောင်းကျန့်လို ကိုယ်မုန်းနေတဲ့သူ တစ်ယောက်နဲ့ ဆိုတော့ သိပ်တော့ ဘဝင်မကျဘူး။
ရိပေါ်ရဲ့ မယ်တော်က ရှောင်းကျန့် နဲ့ ကိစ္စကို အမှန်အတိုင်း သိချင်တယ်ဆိုပြီး ရိပေါ်ကို မေးလာခဲ့သည်။ ရိပေါ်လည်း အခြားသူဆို မုသားသုံးပြီး ဒီကိစ္စကို ပြောပြမှာဆိုပေမဲ့ ကိုယ့်ရဲ့ မွေးမိခင်ကိုတော့ အမှန်အတိုင်း ပြောပြခဲ့တယ်။
