ညီလာခံ အတွင်းခန်းမဆောင်။
"ဧကရာဇ် မင်းကြီး ကြွချီလာပါပြီ!!.......'' ခန်းမဆောင်၏ မုခ်ဦးတံခါးဝမှ ကုန်းကုန်းတစ်ယောက်ရဲ့ အသံကြောင့် ခန်းမအတွင်းရှိ လူများအားလုံးသည် ငြိမ်သက်တိတ်ဆိတ် သွားကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ကိုင်းညွတ်လျက်ဦးခေါင်းကို ကြမ်းပြင်နှင့် ထိကပ်မတတ် ဝပ်ချကာ ဦးညွတ်နေကြသည်။
မကြာမီ ဒီတိုင်းပြည်၏ ရေမြေ့သခင် ဝမ်ဧကရာဇ်မင်းသည် ထည်ဝါမှုကို ဖော်ကျူးသောရွှေရောင်ချည်ဖြင့် အလှဆင်ရက်လုပ်ထားသည့် ရဲရင့်ပြတ် သား ခြင်း၏ ပြယုဂ် တဖြစ်လည်း အနီရောင် ပိုးသား ဝတ်ရုံတော်ကို ဝတ်ဆင်လျက် ညီလာခံ အတွင်းခန်းမဆောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုမှ တစ်ဆင့် တည်ငြိမ်ရင့်ကျက် လှသည့် အိန္ဒြေတော် နှင့်တကွ မှူးမတ်သေနာပတိတို့၏ ရှေ့မှောက်တွင် ကြွချီလာခဲ့ပြီး ရွှေရောင် ပလ္လင်အနီး၌ ခရီး ဆုံးစေသည်။ ပလ္လင်တော်ပေါ်သို့ ဧကရာဇ်မင်းကြီး နေရာယူပြီးသည့် အချိန်မှသာ ခန်းမအတွင်းရှိလူများအားလုံး ဦးခေါင်းကို အနည်းငယ် မော့လာကြသည်။ သို့ပေမဲ့ ခန္ဓာ ကိုယ် ကို ညွတ်ကိုင်းလျက် မျက်လွှာ ချထားဆဲ ဖြစ်၏။
အချိန်အတော်ကြာသည်အထိ ဧကရာဇ်မင်းထံမှ စကားတို့ မမိန့်ကြားလာသည့်အတွက် မှူးမတ်အချို့သည် မျက်လုံးများကို ဝေ့ဝိုက်ကာ မဝံံ့မရဲ ဧကရာဇ် ထံ အကြည့်တို့ကို ပို့ကြသည်။
ဧကရာဇ် မင်းရဲ မျက်ဝန်းအကြည့် တို့သည် သူ့ဘေးမှ ငွေရောင် ကတ္တီခင်း ပလ္လင်တစ်ခုအပေါ် တွင် ရှိသည်။ထို ပလ္လင်သည်လည်း ပိုင်ရှင်မဲ့ လျက် အထီးကျန်နေပါ၏။
"အိမ်ရှေ့စံက ဘာကြောင့် ညီလာခံမှာ မရှိရတာလဲ!!''
ဧကရာဇ် မင်း၏ သြဇာပြည့်ဝသည့် အသံကြောင့် ခန်းမအတွင်းရှိ မှူးကြီးမတ်ရာတို့မှာ အသက်တောင် ပြင်းပြင်းမရှူရဲ၊ လည်ဇလုတ်တို့သည်လည်း အကြိမ်ကြိမ် လှုပ်ခတ်နေကြသည်။
ကိုယ့်တိုင်းပြည်၏ အိမ်ရှေ့စံသည် ညီလာခံကို ပျက်ကွက်ခွင့်မရှိဘဲ ၊ ပျက်ကွက်သည့်အပြင်ဘာကြောင့် ပျက်ကွက် ရသည်ဆိုသည့် အမေးကိုလည်း မဖြေနိုင်သည်မို့၊ မှူးမတ်များ စိုးထိတ်လာကြသည်။