Chapter(11)
280 40 2
*အောက်မှာ Zawgyiတော့ ပါပါတယ်။ ဒါပေမဲ့ ဖတ်လို့ မရရင် ssနဲ့ ဖတ်လို့ရပါတယ်။ ssနဲ့ တင်ပေးထားပါတယ်။ ကိုယ့်ဖုန်းက ကီးဘုတ်ကြောင်နေလို့ပါ။*
(U)
ကောက်ရိတ်သိမ်း ပွဲတော်(ဆုတောင်းပွဲတော်)က အောင်အောင် မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့သည်။
ရိပေါ်ရော ရှောင်းကျန့်ရောက ဆုတောင်းပွဲတော်မှာ အဖြစ်ချင်ဆုံး ဆန္ဒတွေကို ဆုတောင်းတွေ အဖြစ် မိုးနတ်မင်းစီမှာ တောင်းဆုခြွေခဲ့ကြပါသည်။
ရှောင်းကျန့်ရဲ့ ဆုတောင်းလေးက ရိုးရှင်းပါတယ်။ ရှောင်းကျန့်ရဲ့ မားကို အန္တရာယ် ကင်းကင်းနဲ့ ကျန်းမာအသက်ရှည်ပါစေ ဆိုတဲ့ ဆုတောင်းလေးပဲ ဖြစ်တယ်။
ဆုတောင်းပွဲတော်မှာ ဆုတစ်ခုတည်းကိုသာ သေချာ တစိုက်မတ်မတ် နဲ့ ရည်စူးပြီး တောင်းဆုခြွေမှ သာ ဆု​တောင်းပြည့်နိုင်သည်ဟု အယူအဆလည်း ရှိသဖြင့် ရှောင်းကျန့်က အဲ့ဒီ့ဆု တစ်ခုပဲ တောင်းခဲ့တယ်။
ရှောင်းကျန့်ရဲ့ ဘဝမှာ ဘာမှ မလိုဘူး။ မားသာ ကျန်းကျန်းမာမာနဲ့ အန္တရာယ် ကင်းကင်း ရှိနေရင် ရှောင်းကျန့်ဘဝက ပြည့်စုံပြီ။
ဆုနောက်တစ်ခုကိုတောင်းခွင့်ရှိရင်တော့ရှောင်းကျန့်တောင်းချင်တဲ့ ဆုတောင်း ​တစ်ခုရှိသည်။
အဲ့တာကတော့ ဝမ်ရိပေါ်ရဲ့ အနားမှာ မနေရပါစေနဲ့ ဆိုတဲ့ဆု။ ရှောင်းကျန့် ကိုယ့်ကို မုန်းနေတဲ့လူရဲ့ အနားမှာ​နေရတာ စိတ်မသက်သာလှဘူး။
ဒါကြောင့် အဲ့ဒီ့ဆုကို တောင်းချင်တာ။ ဒါပေမဲ့ ရှောင်းကျန့်က မားအတွက် သာ ဦးစားပေး ဆုတောင်းခဲ့သည်။ အခုချိန်မှာ ​ရှောင်းကျန့် အတွက် အရေးအကြီးဆုံး​က မားပဲ။
ဝမ်ရိပေါ်က သူ့အနားကနေ ရှောင်းကျန့် ထွက်သွားရင် မားကို တစ်ခုခု လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ ရှောင်းကျန့်က အခြားဘာကိုမှ မကြောက်ဘူး။ ဒါပေမဲ့ မားတစ်ခုခုဖြစ်မှာကိုတော့ ကြောက်ပါတယ်။
Melody Of Royal Love.Where stories live. Discover now