💞Intro 💞

1.3K 50 7
                                    

စိတ်ကူးယဥ်ခြင်းတွေနဲ့ စခဲ့တယ်...
ကမ္ဘာသေးသေးလေးထဲမှာ စိတ်ကူးတွေနဲ့ ပြည့်နေခဲ့တယ်...ငါ့ချစ်သူက ဘယ်လိုမျိုးဟလို့ ကြွားကြွားဝါဝါလေး ပြောခဲ့တဲ့ ပုံစံလေးက သိပ်လှတာ...ချစ်သူဆိုတာကိူ အတွေးတွေနဲ့ နှလုံးသား လှလှလေးနဲ့ ဖန်တီးခဲ့တာ...နှလုံးသားရဲ့ ဆန္ဒက ပြင်းပြတဲ့အခါ ဖန်တီးမှုတွေ အသက်ဝင်လာခဲ့တယ်။ စိတ်ကူးလေးတွေ ရုပ်လုံးကြွလာတဲ့အခါ ထယ်ထယ် ဒူးထောက်ခစားခဲ့တာက လူကြီးဆိုတဲ့ ထည်ဝါမှုလေးကို...အသက်၁၇နှစ်အရွယ် ထယ်ထယ်ရဲ့ အသက်ရှုခြင်းတွေကိုတောင် အသွင် စုံစေနိုင်တဲ့ လူကြီးက ထယ်ထယ်ရဲ့ အခမ်းနားဆုံး ဘုရင်...လူကြီးက ထယ်ထယ်ရဲ့ အနီးဆုံးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပေးတဲ့အခါ ထယ်က လူကြီးဘေးနားက လက်သည်း တစ်စစာတောင် မခွာတော့...အနားမှာ အချိန်ပြည့် လူကြီးကို ခစားရင်း လူကြီး အကြောင်းတွေကိူ စပ်စုခဲ့တယ်။ အ့တော့ လူကြီးက ခပ်ငြိုငြိုငြင်ငြင် ကြည့်ပြီး "ရှုပ်တယ်ကွာ"လို့ ဆောင့်ဆောင့်အောင့်အောင့် မာန်လိုက်ရင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ကလေးတစ်ယောက်လို အော်ငိုပစ်ခဲ့တာ...ကျောင်းကိုသွားရမယ်ဆိုလည်း လူကြီး လိုက်ပို့ပေးမှ သွားမယ်...မပို့ပေးရင် ခြေသုတ်ခုံပေါ် ထိုင်ချပြီး ဂျီကျလိုက်သေးတာ...လူကြီးက အမြဲတမ်း ထယ်ထယ့်ကိူဆို မျက်မှောင်ကြုတ်ပြီး ကြည့်တယ်၊ ကလေးလေးတစ်​ယောက်လို သဘောထားတယ်၊ အရွယ်ရောက်ခြင်း အမှန်တရားတွေကို လူကြီးက မသိကျေးကျွန်ပြုထားတယ်။

"ထယ်က ကလေး မဟုတ်တော့ဘူး...ထယ် အသက်ပြည့်နေပြီ"လို့ အော်ပြောလည်း...

"အင်း.."ဆိုတဲ့ အေးစက်စက် တုံ့ပြန်မှု တစ်ခုကိုပဲ ရတယ်... အ့တုန့်ပြန်တဲ့ ပုံစံကိုလည်း ထယ်ထယ်က သိပ်ကြွေတာပါပဲ...ထယ်ဆိုတာ လူကြီးကို ချစ်ဖို့၊ သဘောကျဖို့၊ ခစားဖို့ မွေးဖွားလာတဲ့ လူသားငယ်လေး...လူကြီးဘေးမှာ ပြည့်စုံတဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေတာပါ...ယောကျာ်း၊ မိန်းမ၊ ယောကျာ်း မိန်းမ မဟုတ်သူပါ ရူးနေကြရတဲ့ ထယ့်ရဲ့ လူကြီးက ထယ့်ကို အရေးမလုပ်ပါဘူး...ထယ့်လူကြီးကလေ သိပ်ချောတာ သိပ်ခန့်တာ...သိပ်ကြည့်ကောင်း​တာ...လူကြီးဘေးနား ရှိနေသူတွေထဲ ထယ်ကတော့ အသေးအမွှားပါ...အိမ်ချင်းက ကပ်ရပ်ဆိုတော့ လူကြီး အင်္ကျီလေးတွေ လှန်းထားတာကို ကြည့်ပြီး အလွမ်း ဖြေခဲ့ရတာပါ...မိုးတွေရွာလာရင် လူကြီးအိမ်မှာ အစေခံတွေ ရှိတာဆောင် ထယ်င မရမက အပြေး လူကြီး အင်္ကျီလေးတွေကို ပြေးရုတ်ပြီး လူကြီး အငွေ့အသက်တွေကို ဖမ်းယူခဲ့တာ...ချစ်တာကို "မချစ်နဲ့...ငါမင်းကို မချစ်ဘူး"လို့ မပြောဘဲ အချစ်တွေကို ပလစ်ထားတာ...ထယ့်ကို ကလေးဇုန်နဲ့ အမျိုး စပ်ပေးခဲ့တာ...အ့တာကြောင့် ထယ့်မှာ ရူးရတယ်...အ့လို ရူးအောင် လုပ်တဲ့အတွက် လျော်ကြေးအနေနဲ့ လူကြီးရဲ့ အချစ်တွေကို ထယ့်ကိုပေးပါ...ထယ် စကားလုံး လှလှလေးတွေ မပြောတတ်ဘူးရယ်...ထယ်ပြောတတ်တဲ့ တစ်ခုတည်းသော အလှဆုံး စကားက.......

သင့်💞Where stories live. Discover now