အချစ်သင့်ရင် ဘာဖြစ်တတ်လဲ...?
ဒေါက် ဒေါက်!!
ထယ်:လူကြီး...လူကြီး...
ဒေါက် ဒေါက်!!
တစ်ညလုံး အတွေး ကိုယ်စီနဲ့ အိပ်လိုက်ကြပြီးတဲ့အခါ မနက်မိုးလင်းသွားတော့ ထယ်လေးဟာ ဦးစွာ ထနှင့်ပြီး ဂျီမင်ကို သွားနှိုးလေသည်။
အခန်း တံခါးပိတ်ထား၍ တံခါး တဒေါက်ဒေါက် ခေါက်ကာ ခေါ်နှိုးနေမိသည်။
အမှန်ဆိုရလျှင် ထယ်လေး ကြောက်နေမိသည်။
မနေ့က ကိစ္စတွေ ဖြစ်ပျက်အပြီးမှာ ယနေ့ ဂျီမင် သူ့အပေါ်ကို ဘယ်လို ဆက်ဆံမလဲ ဆိုတာကို တွေးပြီး ကြောက်နေသည်။
တံခါးခေါက်နေရင်းမှ အပြာရောင် ဝမ်းဆက်နဲ့ လူသားဟာ တံခါးကို ဖွင့်လာပေးတယ်...
တစ်ကိုယ်လုံး ပြာရောင်ခြယ်ထားကာ ဆံပင်တွေကို နောက်ကို လှန်တင်ထားသည်။
ထယ့်ကိုတွေ့တော့ ဂျီမင်က ဘာမှ မဖြစ်ခဲ့သလိုမျိုး ပြုံးပြလာတော့ ထယ့်မှာ ကြောင်အအရယ်...
ဂျီမင်:Good morning ထယ်...ထယ် တံခါးခေါက်နေတာ ကြားတယ်...အင်္ကျီဝတ်နေလို့ ကြာသွားတာ ဆောရီးနော်...
ထိုသို့ ပြုံးပြုံးလေး ထပ်ပြောလာပြန်တော့ ထယ့်မှာ အိပ်မက်များလားလို့တောင် ထင်သွားသည်။
ထယ်:nae...nae ရပါတယ် လူကြီးရဲ့...
ဂျီမင်:လာလေ မနက်စာ သွားစားမယ်..
ထယ်:nae...
မနက်စာ စားပွဲတွင် ထိုင်လိုက်ကြပြီး မနက်စာ စားကြသောအခါတွင်လည်း ဘာမှ၊ ဘာပြဿနာမှ မဖြစ်ခဲ့ကြသလို...
ထယ်တစ်ယောက် ဘာမှကို လိုက်မမှီတော့လွန်းလို့ ဂျီမင်ကို ထိုင်ကြည့်နေလိုက်သည်။
ထယ်:ဟို...ဟိုလေ လူကြီး...
ဂျီမင်:အင်း...ပြောလေ...(ကော်ဖီသောက်နေရင်းမှ ကော်ဖီခွက်ကို ချလိုက်ကာ မေးသည်။)
ထယ်:ဟိုလေ...မနေ့က ကိစ္စ.....
မနေ့က ကိစ္စဆိုတာနဲ့ ဂျီမင်ရဲ့ မျက်နှာက တစ်မျိုး ချက်ချင်း ပြောင်းသွားတယ်...
![](https://img.wattpad.com/cover/308201653-288-k395899.jpg)
YOU ARE READING
သင့်💞
Fanfictionထယ့် နှလုံးသားအစုံလိုက်နဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ သိပ်သွေးအေးတဲ့ လူသား.....💓💔