ဂျီမင်ကို မဖြစ်မနေ ရှာတွေ့မှ ဖြစ်တော့မယ်လို့ တွေးနေပြီး ကားပေါ်ကိူ တက်လိုက်သော ထယ်ထယ်...
ကားတံခါးကို ပြန်ပိတ်တဲ့အခါ မမျှော်လင့်ထားပဲ တစ်စုံတစ်ရာကို တွေ့လိုက်ရတယ်။
ထိုသူက ထယ်ထယ် နှစ်ရှည်လများ မျှော်မှန်း တမ်းတနေရတဲ့ လူသား...
Park Jimin ဆိုတဲ့ အခမ်းနားဆုံးတွေနဲ့ ပြည့်နေတဲ့ လူသား....
ထယ်ထယ့်ဘဝရဲ့ ရှင်သန်ခြင်း...
မျှော်လင့်ခြင်း၊ အနာဂတ်...ထယ့်ဘဝရဲ့ အရာအားလုံး...
ထယ်ထယ့်ရဲ့ ပဲ့ကိုင်ရှင်...ဟုပ်Hyungရဲ့ အကြိုက်ဆုံး အရောင်ဖြစ်တဲ့ အစိမ်းရောင်ကို စတွေ့တဲ့ နေ့မှာ ဂျီမင်ဆိုတဲ့ ထယ့်ထယ့််ရဲ့ အချစ်ဆုံး လူသားက ဝတ်ဆင်ထားပါတယ်။
အစိမ်းရောင် shirtကို ကြယ်သီးနှစ်လုံးလောက်အထိ ဖြုတ်ကာ ဝတ်ဆင်ထားပြီး jean ဘောင်းဘီနဲ့...နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်။
အဝေးက လှမ်းကြည့်နေတာမို့ သေချာမမြင်ရပေမဲ့ ပေါ်နေတဲ့ ရင်ဘတ်ဖွေးဖွေးလေးရယ်...ထိုရင်ဘတ်ဖွေးဖွေးလေး ပေါ်က စိန်ဆွဲကြိုးလေးက နေရောင်ခြည်တွေနဲ့ ထိတွေ့တော့ တလက်လက်တောက်လို့ရယ်။
ထို စိန်ဆွဲကြိုးနဲ့အတူ နားထက်မှာ
တဖိတ်ဖိတ်လက်နေတဲ့ စိန်နားကပ်...တစ်ကိုယ်လုံး စိန်တွေနဲ့သာ စီရင်ထားတဲ့ ထိုလူသားဟာ ထယ်လေး အနှစ်နှစ် အလလက မျှော်နေခဲ့ရတာ...ထိုလူသားနောက် ပြေးလိုက်သွားဖို့ လုပ်လိုက်သည်။ စိတ်က တခြား ဘာမှ မတွေးမိ။ အကြာကြီး မျှော်နေခဲ့ရတဲ့ ထိုလူသားကို တွေ့ပြီမို့ ထိုလူသားကို ဖမ်းဆုပ်ထားဖို့လောက်သာ တွေးခဲ့သည်။
သိပ်ချစ်ရသူကိုး...
ထယ်က ကားပေါ်က ဆင်းပြီး ထိုလူသားဆီ သွားမယ်အလုပ် ထိုလူသားဟာ Mallထဲ ၀င်သွားလေပြီ။ ကားကလည်း မောင်းထွက်လေပြီ။ ... Hyungဖြစ်သူက သူကားတံခါးဖွင့်တဲ့အခါ ...
J hope:ထယ်လေး ဘာလုပ်တာလဲ...တံခါးပြန်ပိတ်လေ...
"ကျတော် ကျတော့်ရဲ့ ချစ်ရသူကို တွေ့လိုက်မိလို့ပါ"လို့လည်း ပြောလို့မရ...

YOU ARE READING
သင့်💞
Fanfictionထယ့် နှလုံးသားအစုံလိုက်နဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ သိပ်သွေးအေးတဲ့ လူသား.....💓💔