💞13💞

234 20 6
                                    

ယောန်အကြံပေးသလို ထယ်လေးဟာ အားလုံးကို လိုက်လုပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ထယ်လေးအနေနဲ့ Jkနဲ့ အရောတ၀င်နေပြဖို့ပဲ ဖြစ်ပါတယ်။ ထယ်လေးက လူကြီးဆီကို သွားပြီး ထုံးစံအတိုင်း သွားနှိုးလေတယ်

ထယ်:လူကြီးရေ...

လူကြီးက တုပ်တုပ်မျှမလှုပ်တော့ ထယ်က ထပ်မံပြီး

ထယ်:လူကြီး

ထယ်က လူကြီးရဲ့ မျက်နှာလေးကို လက်နဲ့ လိုက်တို့နေပြီး Jaw တစ်လျှောက် ပွတ်သပ်နေလိုက်သည်

ထယ်:လူကြီးရေ ထတော့လေ လူကြီး

လူကြီးလည်း ပွတ်သပ်ခံနေရတာကြောင့် ယားကာ ထလာသည်။

ဂျီမင်:ဟင် ထယ်လေး... ဟားဟား တော်ချက်ဗျာ ချော့နည်းအသစ်သုံးပြီး လူကြီးကို နှိုးတာက ...

ထယ်: ဟီးဟီး ထယ်လေးရဲ့ နှိုးပုံနှိုးနည်းက မိုက်တယ်မလားလူကြီး

ဂျီမင်:မိုက်တာပေါ့ဗျာ အများကြီး သဘောကျတယ်

ထယ်:ဟီး ကျေးဇူးပါ လူကြီး မျက်နှာသစ်ကြရအောင်

ဂျီမင်:ok

မျက်နှာသစ်၊ သွားတိုက်၊ အ၀တ်အစားလဲအမှုများကို ပြုအပြီးနောက် လူကြီးနဲ့ထယ်တို့ အခန်းထဲကနေ ထွက်လာကြတယ် အခန်းအပြင်ကိုရောက်တော့ JKကလည်း သူ့အခန်းကနေ ထွက်လာလေတယ်

Jk: အော ထယ်လေး အစောကြီး ရောက်နေတာပါလား

ထယ်:nae hyung

Jk: hyung အခန်းထဲ ဘာ၀င်လုပ်တာလဲ ထယ်ရဲ့😀

ထယ်:အာ လူကြီးကို လာနှိုးတာလေ ထယ်က မနက်တိုင်း လူကြီးက်ု လာနှိုးနေကျ

Jk:အမ် ထယ်က ဘက်အရမ်းလိုက်တာပဲနော်

ထယ်:အယ် ထယ်ဘာလုပ်မိလို့လဲ?

Jk: ဟင် ထယ်က hyung Minကိုကျ လာနှိုးပေးတယ် hyungကိုကျ လာမနှိုးပေးဘူး

Jkကို လူကြီးက စူးခနဲ လှည့်ကြည့်လိုက်သည်။

အံ့သြစရာ...Jkကအခု ထယ်နဲ့ပက်သက်ပြီး သူ့ကိုယ်သူ လူကြီးနဲ့ နှိုင်းလိုက်တာပဲ ထယ့်အတွက် လူကြီးက ပြိုင်စံရှားပဲလေ ဘယ်သူမှ လာယှဥ်လို့မရတာကို

သင့်💞Место, где живут истории. Откройте их для себя