💞6💞

229 20 1
                                    

"ဒီနေ့ လူကြီးနဲ့ shopping သွားခဲ့တယ်...လူကြီးက အရမ်းတည်ကြည်တာပဲ...အရမ်းမိုက်တယ်... ထယ့်ကို လူကြီးက hand chainလေး ဝယ်ပေးတယ်...hand chainလေးက အရမ်းလှတာပဲ...မဝတ်ရက်ပါဘူး မဝတ်ရက်ဘူး သိမ်းထားတယ်"

"လူကြီးကို နေ့လည်စာကျွေးဖို့ ဟင်းချက် လေ့ကျင့်ကြည့်တာ
လက်ကို ဓားနဲ့ လှီးမိသွားတယ် နာလိုက်တာမှ ဒါပေမဲ့ တန်ပါတယ်...လူကြီးက ငါချက်ထားတာကို ကောင်းတယ်လို့ ပြောသွားတယ်။ တကယ်လည်း ကြိုက်တဲ့ပုံပါပဲ...ပျော်လိုက်တာ"

"ဒီနေ့ လူကြီး companyကို လိုက်သွားတာ လူကြီး အလုပ်လုပ်နေတဲ့ပုံစံ၊ အလုပ်သမားတွေကို ဦးစီး ညွှန်ကြားနေတဲ့ ပုံစံက အရမ်းမိုက်တာပဲ....လူကြီး is perfect... "

"လူကြီးက ဒီနေ့ ထယ့်ကို ကျောင်းလာကြိုတယ်...အရမ်းပျော်တာပဲ...ဒါပေမဲ့လေ...အူတိုကလွန်းလို့ အူတွေ မရှိတော့သလိုပဲ လူကြီးက ကြည့်ကောင်းနေတော့လည်း ဝိုင်းကြည့်ကြတာပေါ့...အ့တော့ ငါကလည်း အူတိုရတာပေါ့...မဖြစ်ပါဘူး ငါနဲ့လူကြီး မြန်မြန်ချစ်သူတွေ ဖြစ်မှပါ"

"လူကြီးက ဒီနေ့ ပလက်တီနမ် ဆွဲကြိုးလေးနဲ့ အရမ်း လိုက်တာပဲ..."

"လူကြီး ဝယ်ကျွေးတဲ့ တော့ပိုကီလေးက အရမ်း စားကောင်းတယ်..."

"ဒီနေ့ လူကြီး ငါ့အခန်းထဲအထိ ဝင်ပြီး ငါ့ကိုနှိုးတယ် ပျော်လိုက်တာ".

"လူကြီး အခန်းထဲကို ရောက်ဖူးခဲ့ပြီ...လူကြီး အခန်းလေးက All whiteနဲ့ အရမ်းမိုက်တာပဲ..."

"လူကြီးနဲ့အတူ ဟန်မြစ်ဘေးကို ကားဖြတ်မောင်းခဲ့တာ...လူကြီးရဲ့ ဆံပင်တွေကို လေဖြတ်တိုက်သွားတော့ အရမ်းကြည့်ကောင်းတာပဲ..."

"လူကြီးရဲ့ ommaက ငါ့ကို ပြောတယ် သူ့ကို ommaလို့ပဲ ခေါ်ပါတဲ့ လူကြီးရဲ့ Appaကလည်း Appaလို့ပဲ ခေါ်ပါတဲ့ ခေါ်မှာပေါ့ ခေါ်မှာပေါ့ ကိုယ့် သတို့သားလောင်းရဲ့ Appa နဲ့ Ommaကိုပဲ..."

"လူကြီးက ဒီနေ့ ငါ့ကို အမှတ်ပြည့်ရတဲ့အတွက် ဆုပေးမယ်တဲ့ ဘာလိုချင်လဲတဲ့...ငါက ရုတ်တရက်ဆိုတော့ ဘာပြောရမှန်း မသိတာနဲ့ စဥ်းစားဦးမယ် ပြောခဲ့တာ တကယ်တော့ ငါလိုချင်တာက လူကြီးရဲ့ အချစ်တွေ"

သင့်💞Donde viven las historias. Descúbrelo ahora