"အရမ်းပျော်တာပဲ ...ငါ့ရဲ့ ၁၈နှစ်ပြည့် မွေးနေ့လေးမှာ ငါ ငါ့ လူကြီးနဲ့ တွေ့ခဲ့ပြီ။ ငါတို့ ဆုံခွင့်ပြုခဲ့တဲ့ ကံကြမ္မာကြီးရယ်နဲ့ ဆုတောင်းတွေကို ပြည့်စေခဲ့တဲ့ အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်"
စာအုပ်လေးထဲ ထိုသို့ရေးလိုက်ပြီးနောက် ထယ်လေးဟာ အားပါးတရပြုံးကာ ၀ရံတာဘက်ကို ပြေးထွက်သွားလိုက်သည်။
ထို့နောက် တစ်ဖက်ခြံကို ငေးကြည့်နေသည်။ အမှန်တိုင်း ဖော်ပြရရင် ထယ်လေးဟာ သူ့ရဲ့ လူကြီးကို ရှာဖွေနေခြင်း။
ထယ်လေးဟာ မွေးနေ့ပွဲတစ်ပွဲလုံး ဂျီမင်လေးနားမှာပဲ ကပ်နေခဲ့သည်။ Joonieနဲ့ နေရောင်ခြည်လေးတို့က အစပိုင်းက ပွဲတစ်လျှောက်လုံး ပတ်ချာလှည့်နေခဲ့ပေမဲ့ ဂျီမင်လာတဲ့ အခါမှာတော့ အိမ်ထဲမှာ သူတို့ရဲ့ ထယ်လေးရဲ့မွေးနေ့ဆီလာတဲ့ သူငယ်ချင်းတွေနဲ့ သူတို့ရဲ့ ချစ်သူတွေဖြစ်တဲ့ Jinနဲ့ Sugaတို့နဲ့ အတူရှိနေတာကြောင့် အပြင်ဘက် ပန်းခြံထံကို ပြန်မထွက်လာကြတော့။
ထယ်လေးဟာ သူ့ရဲ့ လူကြီးက်ို မပြန်ဖို့ အတင်းဆွဲသည်။ ထယ်လေးသည် သူ့လူကြီးနဲ့ တစ်ခါတည်း အတူနေဖို့များ ကြံရွယ်ထားသလား မသိ။ ပြန်ကို မလွှတ်တော့။
"နေပါဦး၊ နေပါဦး လူကြီးရဲ့ " "နေပါဦး Uncleတို့၊ Auntyတို့ရဲ့"လို့ဆိုကာ အတင်းတားထားကာ ပွဲပြီးသွားတော့မှ ဂျီမင်တို့ မိသားစု ပြန်ကြရသည်။
ဒါတောင် သိပ် ပြန်လွှတ်ချင်တာမဟုတ်။ ဂျီမင်တို့ ပြန်သွားတော့မှ Joonieနဲ့ Hoseokတို့ ပြန်ထွက်လာတာကြောင့် ဂျီမင်ကို Joonieတို့ Hoseokတို့ မသိလိုက်။
သူတို့ကို ဂျိီမင်အကြောင်း စကားလည်း မစမိတာကြောင့် Joonieနဲ့ Hoseokတို့က ဂျီမင်လေးအကြောင်းကို လုံးလုံးမသိ။
ဘေးဘက်ကို ငေးကြည့်နေရင်း ဖြူလွှလွှ အရိပ်လေးတစ်ခုကို ထယ်တွေ့လိုက်ရသည်။ ထိုပုံရိပ်လေးဟာ တဖြည်းဖြည်းနဲ့ ပိုမို ပီသလာသည်။
ထိုအရိပ်လေးဟာ ထယ်သိပ်ချစ်ရတဲ့ Park Jiminရဲ့ အရိပ်လေး... ဂျီမင်ဟာ မျက်နှာကို မျက်နှာသုတ်ပ၀ါ ခဲရောင်လေးနဲ့ သုတ်နေခဲ့တယ်။ ည၀တ်အင်္ကျီ အပြာရင့်ရင့်ကို ၀တ်ဆင်ထားတဲ့ ထယ့်ရဲ့ လူကြီးက ခမ်းခမ်းနားနားပါရယ်။

YOU ARE READING
သင့်💞
Fanfictionထယ့် နှလုံးသားအစုံလိုက်နဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ သိပ်သွေးအေးတဲ့ လူသား.....💓💔