အစီအစဥ်အသစ်ကို အကောင်အထည်ဖော်ဖို့ ထယ်လေး လူကြီးအိမ်ကို ထယ်လေးသွားခဲ့တယ်။ လူကြီးကို ထုံးစံအတိုင်း နှိုးပြီး မနက်စာ အတူစားဖို့ဖြစ်သည်။
ပြီးလျှင်တော့ လူကြီးနဲ့အတူ ကျောင်းကိုမသွားဘဲ သူငယ်ချင်းတွေနဲ့အတူ သွားမှာမို့လို့ လိုက်မပို့ရန် ပြောရန်ဖြစ်သည်။
ထယ်လေး လူကြီးအိမ်တံခါးကို ဖွင့်ကာ အိမ်ထဲဝင်သွားတော့ ပထမဆုံး တွေ့လိုက်ရတာက ဖိနပ်တွေ အများကြီးနဲ့ သူမရင်းနှီးတဲ့ဖိနပ်တစ်စုံ။ ထို့နောက် ခေါင်းလေးကို အသာကုတ်ကာ ဝင်သွားတော့ ရလိုက်တဲ့ လူကြီးရဲ့ကိုယ်သင်းရနံ့လေး...မွှေးကြိုင်နေတာပဲ...
ထယ်လေးရဲ့မနက်ခင်းလေးဟာလူကြီးရဲ့ကိုယ်သင်းရနံ့လေးကြောင့် အဓိပ္ပါယ် ပြည့်စုံသွားတယ်။ ထယ်လေး ခိုးပြုံးလိုက်သည်။
ထ်ု့နောက် ကိုယ်သင်းရနံ့လေး ခေါ်ဆောင်ရာကို ဆက်လိုက်လာတဲ့အခါ တွေ့လိုက်ရပါသော ချစ်ရပါသော လူကြီး၊ ယောက္ခမလောင်းများနှင့် သူစိမ်း အမျိုးသားတစ်ယောက်။
ထိုအမျိုးသားက လူကြီးထက် အရပ်ရှည်ပြီး လက်မှာ တက်တူးအချို့နှင့်။ အသားက ဝင်းဝင်းနှင့် ခန္ဓာကိုယ်က တောင့်တောင့်ဖြောင့်ဖြောင့်။ ဆံပင်ကေက ပြန်လန်နေကာ သိပ်ကြည့်ကောင်းလွနိးလှသည်။ မီးခိုရောင်ဖြစ်သည့် ထယ့် အကြိုက်ဆုံးအရောင်ကို ဝတ်ဆင်ထားသည်။
လူကြီးကထိုအမျိုးသားနဲ့ စကားပြောနေရင်း ထယ်လေးကို မြင်တော့ ပြုံးပြရင်းကနေ
ဂျီမင်:ထယ်လေး...
ထိုသို့ လှမ်းနှုတ်ဆက်လိုက်သည်။ ထိုအခါ ထိုအမျိုးသားကလည်း ထယ်လေးကိုလှညွကြည့်လာသည်။ထယ်လေးကိုတစ်ကိုယ်လုံးသေချာသေ့စေ့စပ်စပ်ကြည့်ပြီးနောက်ပြုံးပြလာသည်။ထယ်လေးကလည်းခေါင်းပြန်ညှိမ့်ပြကာနှုတ်ဆက်လိုက်ပြီးလူကြီးနားကိုလျှောက်လာလေတယ်...
ဂျီမင်:လာထယ်လေး
ထယ်:nae...လူကြီး ဧည့်သည်ရောက်နေတာလားဟင်
ဂျီမင်:အာ...ဧည့်သည်မဟုတ်ပါဘူး...ဒါက လူကြီးရဲ့ ညီတစ်ဝမ်းကွဲ...သူ့နာမည်က Jeon Jung Kookတဲ့...
YOU ARE READING
သင့်💞
Fanfictionထယ့် နှလုံးသားအစုံလိုက်နဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ သိပ်သွေးအေးတဲ့ လူသား.....💓💔