💞2💞

362 29 6
                                    

"ထယ်ထယ်မျောက်"

အသံစူးစူးနဲ့ ဧည့်ခန်းထဲကို ချင်းနင်းဝင်ရောက်လာတဲ့ လူသားက တခြားသူ မဟုတ်။ ထယ်ထယ်လေးရဲ့ အချစ်ဆုံး သူငယ်ချင်း... ချွိုင်ယောန်ဂျူန်...

ယောန်ဂျူန်ကို တွေ့တာနဲ့ ထယ်ထယ်ရဲ့ Ommaက ခရီးဦးကြိုပြုသလို ထယ်ထယ့်ရဲ့ Appa၊ အာဂျူရှီ၊ အာဂျီမာတို့ကလည်း ဖော်ဖော်ရွေရွေနဲ့ ပြုံးပြကြတယ်။

ထယ်ထယ်'s Omma:သားလေး...လာလေ...

ယောန်:nae...Omma

ယောန်ဂျူန်လေးက ထယ်ထယ်လေးနဲ့ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ တစ်ဦးတည်းသော ငယ်သူငယ်ချင်းလေးမို့ ထယ်ထယ့် မိဘတွေကပါ ယောန်ဂျူန်လေးကို သိပိချစ်ပါသည်။ အ့လိုပဲ ​ယောန်ဂျူန်ရဲ့ မိဘတွေကလည်း ထယ်ထယ်လေးကို သိပ်ချစ်ပါသည်။

ထယ်ထယ်ဘေးနားက ခုံကိုဆွဲကာ ဝင်ထိုင်လိုက်ပြီး ထယ်ထယ့်ရဲ့ အာဂျီမာက ကမ်းပေးလာတဲ့ မုန့်ပန်းကန်ထဲက မုန့်တစ်ခုကို ယူစားလိုက်ပြီး လှလှလေး ပြုံးပြလိုက်သည်။

ထယ်:မင်း essayအတွက် ပြင်ဆင်ပြီးပြီလား ယောန်ယောန်...

ယောန်: အင်း...ပြင်ပြီးပြီ...တွေ့တာ ကောက်ရေးလိုက်မယ်လေကွာ...

ထယ်:အေးပေါ့...မင်းတို့လို ရေးစရာ အသင့်ရှိတဲ့ ကောင်တွေကတော့ အများကြီး စဥ်းစားစရာ ဘယ်လိုပါ့မလဲ...

ထယ်ထယ့်စကားရဲ့ အဓိပ္ပါယ်ကို ထယ်ထယ်နဲ့ ယောန်ယောန်သာ သိပါသည်။  လူကြီးတွေကတော့ ယောန်ယောန်က အစောကြီးကတည်းက သူ့ရဲ့ မျှော်လင့်ချက်က ဘာဆိုတာ ကြိုတွေးထားလို့ ရေးဖို့ အဆင်သင့်ဖစ်နေတယ်လို့ ထင်ကြမှာပေါ့....တကယ်တမ်းကျတော့ အ့လိုမဟုတ်...

မျှော်လင့်ချက်ရယ်လို့ အမည်တပ်လာရင် ထယ်ထယ်နဲ့ ယောန်ယောန် ဦးတည်ဖြစ်မှာက ဘဝရဲ့ လက်တွဲဖော်..."၁၅နှစ်နဲ့ လက်တွဲဖော်လို့ ပြောတယ်...ကြီးကျယ်လိုက်တာ..."လို့ အပြောရှိလာရင်လည်း ချစ်သူလို့ ပြောင်းသုံးလိုက်ရုံပေါ့...ခက်ခဲတာမျိုး မရှိ...

ယောန်:ဟ...မင်းလည်း မင်းဇာတ်ကောင်ကို မင်း ဖန်တီးထားတယ်မလား...ပြီးပြီလား ဖန်တီးလို့...

သင့်💞Where stories live. Discover now