"I can be your genie✌
How about Aladin💜"သီချင်းလေးကို ညည်းနေတဲ့ ၁၅နှစ်အရွယ် ကောင်လေးတယောက်...အသား ခပ်ညိုညိုလေးနဲ့ အရပ်က ခပ်မြင့်မြင့်လေး ၊နှာခေါင်းထိပ်က မှဲ့နက်လေးနဲ့ ကောင်ဟော သိပ်ချစ်စရာကောင်းလွန်းနေသည်။
ထိုချစ်စရာ ကောင်လေးရဲ့ နာမည်က Kim Tae Hyungတဲ့...အများကတော့ ထယ်ထယ်၊ ထယလေး အစရှိသဖြင့် ခေါ်ကြတယ်။ ဆံပင်ကောက်ကောက်လေးနဲ့ ထိုကောင်လေးဟာ တစ်ဦးတည်းသော သားလေး...Kimမျိုးနွယ်စုတစ်ခုလုံးရဲ့ အငယ်ဆုံးလေးနဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ...အားလုံးရဲ့အချစ်တော်လေး...ပူတူတူးလေး...အူဝဲလေးပေါ့...ကလေးဆန်လွန်းကာ...မိဘတွေရော၊ ဆွေမျိုးတွေရော၊ သူငယ်ချင်းတွေရော၊ ဆရာ၊ ဆရာမတွေ အပေါ်မှာပါ ကလေးဆန်ဆန် ချွဲနွဲ့တတ်ကာ အကုန်လုံးရဲ့ အချစ်တွေကို အရယုထားနိုင်သူလေးပေါ့...ထယ်ထယ်က လုပ်ချင်ရာလုပ်လိုက်လို့ လူကြီးတွေက ဆူတော့မလိုလုပ်ရင် မျက်နှာငါ်လေးနဲ့... အ့တော့ သူ့ကိုကြည့်ပြီး ဘယ်သူကမှ ဆူဖို့ မစဥ်းစားတော့ဘူး..မဆူရက်ကြတော့တာလေ....ထယ်ထယ်က အ့လိုလူစားလေး
..မဆူရက်စရာ၊ မပစ်ရက်စရာလေးပေါ့"သားလေးရေ...မနက်စာစားမယ် ဆင်းခဲ့တော့လေ"
ဒါဟာ ထယ့် Ommaရဲ့ ခေါ်သံ...မနက်စာစားဖို့ ထယ်ထယ်က မလာသေးတာကြောင့် ဒုတိယအကြိမ်မြောက် လှမ်းခေါ်တာဖြစ်သည်။ ပထမအကြိမ်ခေါ်တာကိုတော့ ထယ်ထယ် သီချင်းဆိုနေတာကြောငွ မကြားလိုက်ပါ။
ထယ်:လာပြီ Ommaရေ...
ထယ်ထယ်လေးဟာ ကျောင်းအင်္ကျီလေးကို ဝတ်ပြီး လှေကားထစ်လှလှကြီးတွေကို တစ်ထစ်ချင်း တက်တက်ကြွကြွ
ဆင်းလာလေတယ်...အိမ်အောက်ထပ်ကိုရောက်တော့ စားပွဲမှာ နေရာယူထားနှင့်ကြပြီးဖြစ်တဲ့ Appa.Omma.Ajima.Arjushiတို့က ထယ်ထယ့်ကို ပြုံးပြီး နှုတ်ဆက်ကြတော့ ထယ်ကလည်း ချစ်စရာကောင်းမှု Aigooတွေကို ထုတ်သုံးပါတော့တယ်။
အသည်းပုံလေးပေါ်သွားအောင် လေးထောင့်စက်စက် လှလှလေး ပြုံးပြလိုက်ပြီးနောက်
ထယ်:Good morningပါ Appa..
Good morning Omma...Good morning အာဂျီမာ...အာဂျူရှီထယ်က အားလုံးကိူ Good morning လို့ လိုက်နှုတ်ဆက်တော့ အားလုံးကလည်း "Good morning "လို့ ပြန်နှုတ်ဆက်ကြတာပေါ့...
YOU ARE READING
သင့်💞
Fanfictionထယ့် နှလုံးသားအစုံလိုက်နဲ့ ရင်းပြီး ဖန်တီးခဲ့တဲ့ သိပ်သွေးအေးတဲ့ လူသား.....💓💔