💞3💞

290 23 6
                                    

အလှပဆုံးပါဆိုသော ဖန်တီးမှုလေးတစ်ခု။ ထို ဖန်တီးမှုလေးကို ထယ်ထယ်က ပြုလုပ်ခဲ့ပါတယ်။
ဂျီမင်ဆိုတဲ့ သက်ရှိလေးကို ထယ်ထယ်က အလှပဆုံး အသွင်နဲ့ ဖန်တီးခဲ့ပါတယ်။

ကျောင်းမှာ essayကို ခံစားချက် အပြည့်နဲ့ အကောင်းဆုံးဖြစ်အောင် ထယ်ရေးသားခဲ့တယ်။ အားလုံး မျှော်မှန်းထားကြသလိုပဲ ထယ်ထယ့်ရဲ့ essayက အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

ထယ်ထယ်က essayထဲမှာ ဘာတွေကို ရေးသားခဲ့လဲဆိူတော့...

"ကျွန်တော်၏ နာမည်သည် Kim Tae Hyungဖြစ်ပါသည်။ ကျတော်သည် အသက် ၁၅နှစ် ရှိပါပြီ။ ကျတော်သည် ကျတော့် Sam၏ ညွှန်ကြားချက်အရ ယနေ့ ကျွန်တော့်၏ မျှော်လင့်ချက်ဟု အမည်ရသော essay တစ်ပုဒ်ကို လျှို့ဝှက်စွာ ရေးပါသည်။"

"ကျတော်၏ မျှော်လင့်ချက်သည်... Park Jimin ဆိုသည့် လူသားဖြစ်ပါသည်။ ကျတော်သည် Park Jiminကို အလွန် မြတ်နိုးစွာ ချစ်နေမိပါသည်။ Park Jiminသည် ကျတော့် နှလုံးသားနှင့် ဖန်တီးပုံဖော်ထားသော သူ ဖြစ်ပါသည်။ Park Jiminသည် လက်တွေ့တွင် တကယ် ရှိသည်၊ မရှိသည်ကို ကျတော် မသိသော်လည်း...ကျတော့်အနေနဲ့ Park Jiminကို တကယ် ရှိစေချင်ပါသည်။ ကျတော့်၏ ၃၀ရက် ၁၂လတွင် ကျရောက်မည့် မေဖ်းနေ့တွင် ကျတော် Park Jiminနှင့် တွေ့ဆုံလိုပါသည်။ "

"ဂျီမင် တစ်ယောက်တည်းကိုသာ စွဲစွဲမြဲမဲ ချစ်သွားမည် ဖြစ်ပြီး ဂျီမင်ကို သာ လက်ထပ်လိုပါသည်။ ဂျီမင်နှင့် လက်ထပ်နိုင်ရန် ကံကြမ္မာက ဖန်တီးပေးဖို့
မျှော်လင့်ပါသည်။"

ထိုသိူ့ ရေးသားခဲ့ပါသည်။ စာရေးအပြီးမှာလည်း ဆရာမ Suminဆီသွားကာ ဆရာမပြောသလို တကယ်ဖြစ်မှာလားဟင် ဆိုပြီး သွားချွဲနွဲ့ကာ မေးခဲ့ပါသေးသည်။

ဒီလိုနဲ့ ဒီလိုနဲ့ ထယ်ထယ့်ရဲ့ မွေးနေ့ကို
ရောက်လာခဲ့တော့တယ်။ ထယ်ထယ် တစ်ညလုံး မအိပ်နိုင်ခဲ့ဘူး....မွေးနေ့မှာ ဂျီမင်ကို တွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့...မနက်မိုးလင်းတာနဲ့...ထယ်ဟာ ရွစိရွစိတောင် ဖြစ်နေပါတယ်။ သူ ဂျီမင်ကို သိပ်တွေ့ချင်နေသည်ကိုး...သို့သော်.....သို့သော်များ....ထယ်ထယ် တစ်နေ့လုံး ကုန်သွားပြီး နေဝင်သွားတဲ့အထိ ဂျီမင်နဲ့ တူတဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး.....​

သင့်💞Where stories live. Discover now