💞10💞

244 22 10
                                    

ယောန်:ဘယ်လို...မင်းကို မင်းလူကြီးက ငြင်းလိုက်တယ် ဟုတ်လား!

ဂျီမင်က ထယ်လေးကို ငြင်းလိုက်ခြင်းအပေါ် အံ့သြဘနမ်းဖြစ်နေပါသော...ယောန်ယောန်...

ထယ်:အေး..ဟုတ်ပါတယ်ဆိုကွာ...

ယောန်:ဟာ...ငါ မထင်ထားဘူး...သူမင်းကို ပေးတဲ့ ဂရုစိုက်မှုတွေကကွာ ချစ်တယ်ဆိုတာထက်တောင် ပိုနေရမဲ့အဆင့်...နည်းနည်း အေးစက်တာကလွဲရင် ကျန်တာက မင်းမှမင်း typeကြီးပါကွာ...

ထယ်:အာ...တော်ပါတော့ကွာ...ယောန်ယောန်ရာ...မင်းအ့လိုတွေ ပြောလေ ငါ ငါ့လူကြီးကို လိုချင်လာလေပဲ ဟေ့ကောင်...

ယောန်:အေးပါကွာ ငါကလည်း မနေနိုင်လွန်းလို့ မေးမိ ပြောမိတာပါ

ထယ်:အေးပါကွာ... ဒါပေမဲ့ အ့တာတွေ ပြန်ပြောနေလို့ အကျိုးမထူးမဲ့အတူတူ ငါတို့အဆင်ပြေသွားအောင် မင်းကူညီပေး...အကြံညဏ်ပေး...

ယောန်:ok...သားကြီး...ငါပေးပြီ...မင်းကို ငါပြောပြမယ်...ဒီနည်းက ရိုးနေပြီလားတော့ မသိပေမဲ့ ငါကတော့ အ့နည်းကို အရမ်း သဘောကျတယ်...

ထယ်:ဟင် ဘာနည်းလဲ...

ယောန်:အခု မင်း မင်းလူကြီးကို super glue.. ကပ်တွယ်နေတာမလား

ထယ်:အေး ဟုတ်တယ်လေ

ယောန်:ဆက်ပြီး အ့လို ကပ်တွယ်နေ အရမ်းတွေ ဂရုစိုက်ပြ...သူ့နားမှာပဲနေ...

ထယ်:အေး..

ယောန်:အေး...နောက်တစ်လလောက်ကြာရင် မဟုတ်ဘူး တစ်လက များတယ် ၂ပတ်လောက်နေရင် မင်းသူ့ကို တဖြည်းဖြည်း ပြန်ခွာ...

ထယ်:ဟမ်...

ယောန်:အော်...ဟုတ်တယ်လေ...အစပိုင်း ကပ်ပြီး နောက်ပြန်ခွာရင် သူ့စိတ်ထဲ တစ်မျိုးလေးဖြစ်သွားလိမ့်မယ်
...ဘာလို့များပါလိမ့်ဆိုပြီး မေးခွန်းတွေ ပေါ်သွားလိမ့်မယ်...
အ့လိုကနေ တဖြည်းဖြည်း မင်းအကြောင်း ခေါင်းထဲပြည့်သွားမှာ.....

ထယ်:အော်....အ့လိုကိုး....(သဘောပေါက်သွားသော မျက်နှာနှင့်)

ထယ်:ငါသိပီ...ငါသိပြီ...ဒါဆို ငါဒီနေ့ကစပြီး အ့အစီအစဥ်ကို ​စလုပ်ပြီ...

သင့်💞Where stories live. Discover now