Unicode~~~
2020; London
မှန်ထဲက တဆင့်မြင်နေရတဲ့ ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင် ၊ နှုတ်ခမ်းဖူးလုံးလုံးကောင်လေးတယောက်ဟာ ကတ်ကြေးကို ကိုင်လျှက် ဂုတ်ထောက် နေသော ဆံပင်တချို့ကိုညှပ်နေလေသည်။
"Jin~~မင်းသေချာဆုံးဖြတ်ပီးပီလား?ထပ်မစဉ်းစားချင်တော့ဘူးလား?"
မှန်တင်ခုံ ဘေးတွင် ရပ်နေသော အရပ် ခပ်မြင့်မြင့်နဲ့ Ken ဟူသော အမေရိကန် - ကိုရီးယား ကပြားကောင်လေးဟာ မှန်ရှေ့က ကိုယ့်ဆံပင်ကိုယ် ဖြတ်တောက်နေသည့် ကောင်လေးအား စိုးရိမ်စိတ်ဖြင့် မေးဟန်တူသည်။
"ငါ ဒီဆုံးဖြတ်ချက်ကို မပြင်တော့ဘူး Ken။ငါ Seoul ကို ရအောင်သွားမယ်။ပြီးတော့ သူရှိတဲ့ ကျောင်းမှာ ဝင်ခွင့် ရအောင်လျှောက်မယ်။"
ထို့နောက် အောက်ဖျားရှိ မညီမညာ ဆံပင်အဖျားလေးတွေ ကတ်ကြေးဖြင့် ဆက်လက် တိဖြတ်နေသည်။
"Jin~~မင်းရောဂါ အခြေအနေ နဲ့ သွားတက်ရမှာ အားကစားတက္ကသိုလ်နော်။ ကိုယ့်ဒုက္ခကိုယ် မရှာချင်စမ်း ပါနဲ့ကွာ။မင်းတခုခုဖြစ်ရင် အန်ကယ်နဲ့ အန်တီ တို့ ဘယ်လိုလုပ်မလဲ။ပြီးတော့ NamJoon Hyung လဲ ဒီကိစ္စကို သဘောတူမှာ မဟုတ်ဘူး"
ကရုဏာ ဒေါသ နဲ့ စကားအရှိန်မြင့်လာတဲ့ Ken ရဲ့ စကားသံကြောင့် Jin တယောက် လက်ထဲက ကတ်ကြေးအား မှန်တင်ခုံပေါ် တင်လိုက်ပီး သက်ပြင်းတိုးလျစွာ ချကာ Ken နှင့် မျက်လုံးချင်း ဆုံအောင်ကြည့်လိုက် သည်။
"ငါကို မင်းစိတ်ပူနေမှန်း ငါနားလည် သလို။ဖေဖေ၊မေမေနဲ့ Joon Hyung တို့သိရင် ဘာတွေ ဖြစ်လာမလဲဆိုတာလဲ ငါစဉ်းစားထားပီးသားပါ။မင်းလည်းသိတဲ့အတိုင်း ငါဆိုတာတဲ့နှလုံးအားနည်းရောဂါနဲ့ လူက အိမ်ထဲမှာပဲ နေပြီး ငါ့ကိုယ်ငါ စိတ်ကုန်နေတဲ့ဘဝ ကြီးကို အခုလို ပြန်ထူထောင်လာနိုင် တာ သူ့ကြောင့်ဆိုတာလဲ မင်းသိတယ်မလား?"
"ဒါပေမဲ့~~Jin....အခုချိန်မှာ အကိုဖြစ်တဲ့ NamJoon Hyung က ဂျာမနီသွားနေတယ်လေကွာ။ပြီးတော့ အန်ကယ်နဲ့ အန်တီ လည်းလုပ်ငန်းတိုးချဲ့ဖို့ ဂျပန်သွားနေတယ်။ဒီချိန်မှာ မင်းထွက် သွားရင် အခက်တွေ့လိမ့်မယ်။"
YOU ARE READING
My Heartbeat is you
Romanceစိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်ကို ဝင်လာမဲ့ ကောင်လေးKim Seok Jin တို့ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်