Unicode ~~~
လေဆိပ်အပြန် အင်ဆူပြောတဲ့ ကွန်ဒိုမှာ ပစ္စည်းတွေနေရာချလိုက်သည်။ပြောမနာဆိုမနာ အားကိုးရတဲ့အင်ဆူကလည်း အစအဆုံး အထုတ်ဖြည်တာက အစ ကူညီပေးလေသည်။
"Yoongi Ahh~~မင်းအခုနေတဲ့ကွန်ဒိုနဲ့ ငါတို့ကျောင်းနဲ့ နီးတယ်သိလား!"
အင်ဆူတယောက် ယွန်ဂီရဲ့ အိန်ထဲက အဝတ်အစားတွေ ဝိုင်းထုတ်ပေးရင်း စကားစလေသည်။
"အင်း~သိတယ်။"
"မနက်ဖြန် ငါနဲ့ ကျောင်းလိုက်ခဲ့မယ်မလား? မဟုတ်တောင် မင်းရဲ့ Thesis အတွက် လိုအပ်တာတွေ ရနိုင်တယ် လေ"
"အင်းလေ ~လိုက်တာပေါ့"
အင်ဆူဆိုသည်မှာ သူများကိုစကား ပြောရရင် ပြောရ ,မရရင် တယောက် ထဲလည်း ပြောနေမဲ့လူစားမျိုး။ရှင်း
ရှင်းပြောရရင်တော့ လေပေါကောင်
ပေါ့။ ယွန်ဂီကတော့ အနေအေးပြီး လိုမှ စကားပြောတဲ့ ပုံစံမျိုး ။စိတ်အလိုမကျတဲ့အချိန် စကားသွားပြောမိလို့ ကတော့ စကားလုံးနဲ့တင် အသေသတ် ခံရဖို့ ပြင်ထားလိုက်တော့~~။အခုလည်း အင်ဆူ တယောက် စကားသာ ပြောနေရတာ ဘယ်အချက် စကား လုံးနဲ့ ဗုံးကြဲခံရမလဲ မသိ။လေဆိပ်က လာကတည်းကဖုန်းဆက်တာ အဆင် ပြေပုံလည်းမရ။အခြေအနေတော့ ကြည့်နေရပေမည်။
"အင်ဆူ~~မင်းကျောင်းနဲ့နီးတယ်ဆို ငါ့ကို နလုံးခုန်နှုန်းတိုင်းစက်လေး ခဏ သွားယူပေးလို့ဖြစ်လား?"
"ဟင်~~ရုတ်တရက်ကြီး ဘာဖြစ်လို့လဲ?"
"ဒီလိုပဲကွာ လိုအပ်လို့။အပိုရှိတယ်ဆို ငါ့ကိုတခုပေးထားလိုက်ကွာ။အဲ့တာပို အဆင်ပြေတယ်~"
လက်သည်းထောင့်က အသားမာ တွေ
ကို ကိုက်ကာ တခုခုကို တွေးတောရင်း
ပြောနေတဲ့ ယွန်ဂီ ရဲ့ ပုံစံမှာ တကယ်လိုအပ် နေဟန်ပေါ်သည်။သို့သော် အင်ဆူရဲ့ စပ်စုချင်စိတ်က ထိန်းမရ~။အရဲစွန့် ၍ မေးချလိုက်ပေဦးမည်။"ပေးတာက ပေးလို့ရတယ်။ဘာလို့
လိုတာလဲ ဆိုတာလေးတော့ ပေးသိလေကွာနော်~~""ကျစ်~~မင်းတော်တော် စပ်စုတာပဲကွာ။ငါကြိုက်နေတဲ့ ကောင်လေးက အခု Seoul မှာကွာ~။အဲ့တာ...."
YOU ARE READING
My Heartbeat is you
Romanceစိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်ကို ဝင်လာမဲ့ ကောင်လေးKim Seok Jin တို့ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်