ခင်မင်မှုထက်ကျော်လွန်သော🙄

1.7K 291 174
                                    

Unicode~~~

ဆော့ဂျင် တယောက် ကျောင်းအပြန် ဂျောင်ကု အနောက်ကလိုက်၍ ပြန်ခဲ့သည်။ပြန်လာတဲ့ တလျှောက်လုံး မခင်ချင်ဘူးပြောကာ ချေချသွားတဲ့ ရှေ့က ကိုယ်တော်ချော ကို လက်သီးနဲ့ ထိုးဟန်ပြလိုက် ခြေထောက်နဲ့ ကန်လိုက် ဖြင့် အနောက်က လှမ်းလုပ်နေသော်လည်း အရှေ့က သကောင့်သားက သိပုံမပေါ် ။

သိမလဲ ဒင်းက တလောကလုံး နဲ့ သူ နဲ့ မသက်ဆိုင်သလို နေတာကို။ပြောနေရင်း စိတ်တိုလာပီ နောက်ကနေ ပြေးပြီး ဂုတ်ခွစီး ပစ်လိုက်ရ။ဆော့ဂျင် တယောက် ဂျောင်ကု အား အနောက်က ကြည့်ကာ ပေါက်ကွဲနေစဉ်~~

"ဟေ့~~~ဆော့ဂျင်!!"

"ဘယ်ကောင်လဲကွ ~~ငါ့ကိုခေါ်တာ"

ဂျောင်ကုအား ပေါက်ကွဲနေရင်းနောက်
ကနာမည်ခေါ်သံကြားတာမို့လှည့်ကြည့်လိုက်တော့~~

"အော်~~ဂျီမင်ရှီး နဲ့ ဟိုဆော့ရှီးပဲ။ပြန်လာကြတာလား?"

"ဗျာ?အတန်းပြီးသွားရင် ပြန်လာရမှာပဲ မဟုတ်ဘူးလားဟင်?"

ဆော့ဂျင်ရဲ့ အပြောကြောင့် ခေါင်းလေး ကုတ်ကာ ပြန်မေးလိုက်တဲ့ ဟိုဆော့။ဂျီမင်ကလည်း ဟိုဆော့ရဲ့အမေးကို ခေါင်းညိတ်ကာ ထောက်ခံနေဟန်တူသည်။

"ကျွန်တော် ပြောတဲ့သဘောက အပြင် ထွက်ပီး မုန့်မစားကြဘူးလားလို့ပါ။"

ဆော့ဂျင်ပြောမှ နားလည်သွားဟန်ရတဲ့ ဂျီမင်နဲ့ ဟိုဆော့မှာတော့~~

"အာ~~အဲ့လိုလား။အခုပဲ ကျောင်းထိပ်က Seven Eleven Mart မှာ သုံးထပ်သားနဲ့ ဆိုဂျူ သွားဝယ်လာတာ။"

"အခန်းထဲရောက်မှ သောက်ကြစားကြမလားလို့လေ။ဆော့ဂျင်ရော ကျွန်တော်တို့နဲ့အတူ လာစားပါလား?"

ဂျီမင် ရဲ့ဖိတ်ကြားမှုကြောင့် ဆော့ဂျင်
မျက်လုံးလေးတွေ ဝင်းပလာသည်။အစားအသောက်ဆို ရှယ်ကြိုက်တတ် တာ သူကိုယ်သူသာ အသိဆုံး ။ပြီးတော့ စားမှာက သုံးထပ်သား နဲ့ ဆိုဂျူတဲ့လေ ။ဒီ အစားအစာလေးတွေကို သူ မစားရတာ ဘယ်လောက်တောင်ကြာပီလဲ??

London မှာတုန်းကဆို နှလုံးအားနည်းတာကြောင့် အစားအစာတွေကို အတင်းတားမြစ်တတ်နဲ့ Yoongi Hyung နဲ့ Joon Hyung ကြောင့်
Ken ကိုတောင်းတောင်းပန်ပန် နဲ့ ခိုးကျွေးခိုင်းရတာအမော။

My Heartbeat is youWhere stories live. Discover now