အမူးသမားလေးနဲ့ ကုကု🫠

1.7K 229 88
                                    

Unicode~~~

ကင်မ်ထယ်ယောင်းကောင်းမှု အကြောင်းပြုလို့ အကုန်လုံး ယွန်ဂီရဲ့ကားပေါ်တွင်ပါလာကြသည်။ဆော့ဂျင်ကတော့ ယွန်ဂီဘေးတွင်ထိုင်နေသော်လည်း ဂျောင်ကု ကတော့နောက်ခန်းတွင် ဟိုသုံးယောက်နဲ့ နှစ်ပါးသွားနေရသည်။

ဂျွန်ဂျောင်ကုရဲ့image ကျလိုက်ပုံများကွာ။က်ိုယ့်ကားက သူ့ထက်ပိုကျယ်ပါရက်နဲ့ ရှုတင်အသွားအပြန် နဲ့ ပြိုင်ပွဲအသွားအပြန်သာ သုံးခွင့်ရသည်။ဒါကြောင့် ဒီလို ကားကျဉ်းလေးကို လာစီးရတာ။တကယ်ပဲ စိတ်ပျက်စရာ။ဘယ်သူနဲ့မီ အရောတဝင်မနေတတ်တဲ့ တမိုးအောက် ဂျွန်ဂျောင်ကုက လူသုံးယောက်နဲ့ တူတူထိုင်ရတယ်လို့။တွေးလေ ဒေါသထွက်လေပဲ။ဒါတွေဟာ ဟိုကောင်မျောက်လောင်း ကင်မ်ထင်ယောင်းကြောင့်။

"တောက်!!"

စိတ်ကျဉ်းကျပ်လို့ တောက်ခေါက်မိတော့ဘေးတဖက်စီက လူသုံးယောက်ဟာ ငြိမ်ကျသွားသည်။ငြိမ်မှပဲ ကားပေါ်ရောက်ထဲက ဘာစားမယ် ညာစားမယ်နဲ့ သူ့ကို အလယ်ကထားပီး ဟိုဘက်ဒီဘက်ပြောဆိုနေတာ။နားကလည်းညီးသေးသည်။စိတ်ရှုပ်လို့ရှေ့ခန်းက သူ့ရဲ့ကလေးလေးကို ကြည့်လိုက်ပြန်တော့ ဟိုအဖြူကောင်က ခေါင်းလေးပုတ်လိုက် ရယ်လ်ိုက်မောလိုက်နဲ့ ဘာတွေပြောနေရတယ်မသိ။

"ဟေ့ကောင် ဂျောင်ကု ထိုင်လို့ရလား?"

ကျေးဇူးရှင် မျောက်လောင်းက အခုမှ ထိုင်လို့ရလားတဲ့။ထိုင်လို့မရတော့ ဒင်းက ဘာလုပ်ပေးမှာမို့လဲ။တွေးလေ ဒေါသထွက်လေပဲ။ဒင်းကြောင့်မို့ ဒီလိုကားစီးရတာ။စိတ်တိုလာတာမို့ထယ်ယောင်းရဲ့အမေးကို  ခပ်ရွဲ့ရွဲ့နဲ့ အံကြိတ်ကာဖြေလိုက်သည်။

"ထိုင်လို့မရဘူး~~မင်းဘာလုပ်ပေးမှာလဲ!"

"အေးနော်~~ငါလည်းထိုင်ရတာနည်းနည်းကျပ်တယ်။"

အံမယ်ကျေးဇူးရှင်က ကျပ်တယ်တဲ့။ဒင်းပဲ ကားပေါ်အရင်တက်ထိုင်ပီးတော့။ငါကွာ စိတ်ရှိတိုင်းသာ ဒင်းကို ကိုင်ပေါက်လိုက်ရင် ငါ့ကလေးလေးလန့်သွားဦးမယ်။စိတ်ထဲမှာတင် ထယ်ယောင်းကို မေတ္တာပို့နေတာ အခါခါ။

"ဟေ့ကောင်~~မင်းရောထိုင်ရတာကျပ်လား?"

ဟာ ဒီမျောက်ကလွှား ကတော့ ကွာ။ငါ့စိတ်ခံနိုင်ရည်ကို စမ်းသပ်နေတာ။ဒါကိုပဲ ဟိုလှည့်မေး ဒီလှည့်မေးနဲ့။ဂျွန်ဂျောင်ကု တို့စိတ်မရှည်တော့။

My Heartbeat is youWhere stories live. Discover now