ကလေးပေါက်စနဲ့အချေကိုယ်တော်🤣

1.8K 300 196
                                    

Unicode~~~

စာသင်ချိန် ၃ချိန်လောက် ကျော်လွန်ပြီးသည့်နောက်တွင်ကျောင်းသားအားလုံး စောင့်မျှော်နေတဲ့ နားနေချိန် ရရှိလေသည်။

အတန်းထဲရှိကျောင်းသားတချို့ နှင့်ဟိုဆော့မှာ ဘောလုံးကွင်းဘက် သွားကြသလို Canteen ဘက်ကိုသွားကာ စားသောက် ကြမည့် လူတွေလည်းရှိသည်။

သို့သော် ဒီနေ့မှ ကျောင်းစတက်တဲ့ ဆော့ဂျင် မှာတော့ ထိုင်တဲ့ခုံတခုလုံး နောက်သို့လှည့်ကာ ဂျောင်ကုရဲ့ စာရေးစားပွဲ ပေါ်မေ့ထောက်ကာ ဂျောင်ကုနေရာအား မှိုင်တွေတွေဖြင့် ကြည့်နေလေရဲ့။အကြောင်းမှာ စာသင်ချိန် တဝက်လောက်ရောက်တော့ ဂျောင်ကုရဲ့ မန်နေဂျာ ဆိုသူက Schedule ရှိတယ် ဟုဆိုကာ ဂျောင်ကု ကိုခေါ်ထုတ် သွားသောကြောင့်ပင်။

"ပျင်းလိုက်တာ ကြည့်စရာလူလည်း မရှိဘူး အဟင့်။"

"ဆော့ဂျင်နီး ...ပျင်းနေပီ။"

"ဟွန်းး~~~Jeonက လည်းမန်နေဂျာ လာခေါ်တာ ငေါက်ခနဲ ထလိုက်သွားတာများ ငါ့ကိုလှည့်တောင်ကြည့်မသွားဘူး။ငါပျင်းရင် လျှောက်ရေးနေကျ စာအုပ်လည်း သူ့သိမ်းသွားလား မသိဘူး။"

"သိမ်းသွားလည်းကိစ္စမရှိပါဘူး။အဲ့စာအုပ်ထဲ ငါ့နာမည် တွေချည်း ချရေးပေးလိုက်တာ~~ဟီး~~ဟီး"

"အချိန်ရှိခိုက်လုံ့လစိုက် အဆောင်ပြန် ရေချိုး အထုတ်ဖြည်တာပဲကောင်းပါတယ်လေ။"

ထို့နောက်ဆော့ဂျင်တယောက်လွယ်
အိတ်လေး လွယ်ကာ အဆောင်သို့ပြန်
ခဲ့လေသည်။

~~~Skip~~~
ကျောင်းအဆောင်~~

ဆော့ဂျင်နီး တယောက် ကျောပိုးအိတ် လေးလွယ်ကာ အဆောင်လမ်းတွင်
စိုက်ထားသော ပန်းလေးတွေအား ငေးနေရင်း အဝင်ဝ၌ လူတယောက်ဖြင့်တိုက်မိကာ နောက်သို့ဖင်ထိုင်လျက် လဲကျလေသည်။

တဖက်တွင် စာအုပ်တွေဖြင့် ကျောပေးထားတဲ့လူလည်း စာအုပ်တွေ ပြုတ်ကျကာ ရှေ့သို့ယိုင်သွားလေသည်။ထိုလူအား ဆော့ဂျင်က ဝင်တိုးခြင်းဖြစ် သော်လည်း အရင်ထအော်သူမှာ ဆော့ဂျင်သာ~~

"အာ့~~အဟင့် ~~အီးးးး~~နာသွားပီ။ဖင်မှာလဲ သဲတွေပေကုန်ပီ အဟင့်~~ အီး~~ရွံစရာကြီး။"

My Heartbeat is youWhere stories live. Discover now