လိပ်ကြီးနဲ့အချစ်ဒဿန😆❤️

1.1K 164 43
                                    

Unicode ~~~

ဆိုဂျူတွေကို မူးပြဲတဲ့အထိ သောက်ပီးနောက် ဆော့ဂျင်ရဲ့ရစ်သမျှဒဏ်ကို အတော်ခံလိုက်ရသည်။တမိုးအောက် ဂျွန်ဂျောင်ကုသာ ဆော့ဂျင်ကို အခုလို အောက်ခြေသိမ်းလိုက်လုပ်ပေးတာကိုသာ တခြားလူတွေသိရင် ဘယ်လောက်အံ့ဩကုန်ကြမလဲမသိ။

ဆော့ဂျင်က မူးလာရင် သွေးမဆိုးတတ်ပါဘူး။ငြိမ်ငြိမ်လေးပဲ တန်းအိပ်တာဆိုပြီး ပြောကာ ဆိုဂျူတွေ နင်းဖြဲသောက်တဲ့ အဆိုးလေးပါလေ။အမှန်တော့ ဆော့ဂျင်လေး မမှားပါဘူး။သောက်ဖို့ခွင့်ပြုလိုက်တဲ့ ဟော့ဒီက ဂျွန်ဂျောင်ကု မှားတာ။

"ကုကု~~"

Bathroom ထဲမှာ ခြေလက်ဆေးမျက်နှာသစ်နေရင်း အဆိုးလေးရဲ့ ခေါ်သံကို ကြားရပြန်သည်။အဆ်ိုးလေးက မူးနေတော့ ခေါ်သံက အစ လေးလေးပင်ပင်ရှိနေ​၏။ဘေစင်တွင် ဖွင့်ထားသော ရေကို ပိတ်ကာ ခေါ်နေသော အဆိုးလေးဆီသို့ သွားရပေဦးမည်။

"ကုကုရေ~~ကုကု~~ကုကုပါဆိုနေ"

အသံကြားတဲ့ဆီအပြေးသွားမိတော့ တွေ့ပါပီ သူ့ရဲ့ ကလေးလေး၊အဆိုးလေး။သူလေးက အမူးပါးလေး။လူကသာ အာလေးလျှာလေးဖြစ်နေတာ ညဝတ်အင်္ကျီကို သူ့ဘာသာသူ ပြောင်းဝတ်ပီး ဆိုဖာပေါ် ငုပ်တုတ်ထိုင်နေပုံက အဟုတ်ဗျာ။

"အဆိုးလေး...နောက်ဆို မင်းလေးကို ဆိုဂျူ သောက်တာ တားမြစ်တယ် ကြားလား?"

"ဟီး.....ဟီး😊"

အံမယ် သူ့ကိုပြောတ မဟုတ်တဲ့အတိုင်း ရယ်ပြနေပုံက ပါးမို့မို့ရဲရဲလေးက ဆိုဂျူ အရှိန်ကြောင့် ဖြစ်ပီး ရယ်ပြတဲ့အခါ ဖောင်းတက်လာသည်။မျက်ရစ်မညီမညာနဲ့ မျက်ဝန်းလေးတွေ ပိတ်သည်အထိကို ရယ်ပြနေတာ။ဒီကလေးလေး နမ်းခံချင်လို့ တမင်လုပ်နေတာ။

"မရယ်နဲ့...ကြားလား ကိုယ်ပြောတာ နောက်ဆ်ို ဆော့ဂျင်လေးက ဆ်ိုဂျူသောက်ချင်တယ်ပြောရင် အဲ့နားမှာတင် ကိုကိုက ဆူမှာနော်။"

"ကုကု~~ချီ~~"

လက်လေးနှစ်ဖက်ကို ဆန့်ကာချီခိုင်းနေသော အဆိုးလေးပါလေ။မေးတာကို ပြန်မဖြေဘူး သူလုပ်ချင်တာချည်းပြောနေတာ။ဒီကလေးက တကယ်အမူးပါးလေး ပါဆို။

My Heartbeat is youWhere stories live. Discover now