Unicode~~~
စာသင်ချိန် Break Time ကတော့ထုံးစံတိုင်း ကျောင်းသားတွေရဲ့ ဂယက်ထချိန်ပေါ့။ထိုအထဲမှာမှ ဆော့ဂျင် ရဲ့ အရှေ့က ထိုင်တဲ့ ဂျီမင်နဲ့ ဟိုဆော့တို့မှာ အနောက်လှည့်လာကာ တမျိုးတဖုံဂယက်ထလေတော့သည်။
ထိုဂယက်မှာ တခြားမဟုတ် အမြင့်ခုန်
အားကစားသမား တမိုးအောက် ဂျွန် ဂျောင်ကု၏ လိပ်ခေါင်း အကြောင်းတစေ့တစောင်းပင် ဖြစ်သည်။"Seok Jin Ahh~~မနက်က မင်းဘယ်အချိန်ထ သွားတာလဲ?နိုးလာတော့ ဟိုဆော့နဲ့ ငါပဲရှိတယ်။"
"မင်းတို့ အိပ်ရတာ ကျဉ်းကြပ်နေမှာစိုးလို့ ငါ မနက် ၅ နာရီလောက်ထပြန်သွားတာ။"
"အာ~~အဲ့လိုလား။ဒါနဲ့လေ SeokJin ဟိုကိစ္စလေ ဘယ်လို အခြေအနေရှိလဲ?"
ဟိုဆော့ရဲ့ မရှင်းလင်းတဲ့အမေးကြောင့် ဆော့ဂျင် ဘာဖြေရမယ်မှန်းမသိ။
"ဘ~~ဘယ်ကိစ္စလဲဟင်???"
"ဟာ~~မင်းကလည်းကွာ...."
အရိပ်ပြလို့ အကောင်မမြင်ရ ကောင်းလား ဆိုတဲ့ မချိတင်ကဲလေသံ မျိုးနဲ့ အစချီပီး ဟိုဆော့နဲ့ ဂျီမင်မှာ ဆော့ဂျင် အနောက်တွင် ထိုင်နေတဲ့ ဂျောင်ကုရဲ့ အရိပ်အခြေကို လှမ်းကြည့်လိုက် သည်။ပြီးနောက် စကားကို လေသံတိုးတိုးနဲ့ အတင်းပြောသလို ရှေ့ဆက် သည်။
"ဂျွန်ဂျောင်ကု လိပ်ခေါင်းကိစ္စလေကွာ~~။"
ထိုစကားကြောင့် ဆော့ဂျင် ပြူးပြာသွားသည်။ညက မဟုတ်တာ အဟုတ် လုပ်ပြီး သူမွှေထားတဲ့ ကိစ္စကို ဉာဏ်ကြီးရှင် ဆရာသမားများက မှတ်မိနေသည်တဲ့လေ။ပြောခဲ့တဲ့ သူတောင် မမှတ်မိတော့ဘူး။
ဘာပဲပြောပြော မထူးဇာတ်ခင်းတော့မှာပဲဆော့ဂျင်ရေ။လိပ်ခေါင်း မကလို့ ဆင်ခေါင်းဖြစ်နေပါစေ ဂျွန်ဂျောင်ကု ကိစ္စပဲ မင်းကပြောပဲပြောတာလေ။ပြီးတော့သူတကယ်ဖြစ်တာမှမဟုတ်တာ။
"ဘာမှတော့မထူးပါဘူး။ဒီတိုင်းပဲပေါ့။"
ဆော့ဂျင်ရဲ့ အဖြေကို ကြားပြီး နှုတ်ခမ်းလေးမဲ့ကာ သနားပါတယ်ဆိုတဲ့ အကြည့်နဲ့ ဂျွန်ဂျောင်ကုကို သွားကြည့်တဲ့ ဟိုဆော့နဲ့ဂျီမင်။
YOU ARE READING
My Heartbeat is you
Romanceစိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်ကို ဝင်လာမဲ့ ကောင်လေးKim Seok Jin တို့ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်