Unicode ~~~
ဒီနေ့တော့ ကလေးလေး ပြင်ဆင်ပြီး တနေရာသွားဖို့ဟန်ပြင်နေဟန်တူသည်။မနေ့ညက ကလေးလေးကို ဖက်အိပ်ရလို့ ဂျောင်ကုမျက်နှာမှာ ယုန်ကြီး မုန်လာဥ ရသလို ပြုံးဖီးနေလေရဲ့။
ဆော့ဂျင်မှာအဝါရောင် တီရှပ်လေးကို ဂျင်းဘောင်းဘီ အပြာလေးနဲ့ တွဲဝတ်ထားပီး တီရှပ် အောက်ဖျားတွေကို ဘောင်းဘီထဲ သပ်ရပ်စွာ ထိုးထည့်ထားလေသည်။ထိုပုံစံလေးမှာ နွေဦးမှာ ပွင့်တတ်တဲ့ ပန်းလေးလို အလွန်ပင် မျက်စိအေးလှသည်။ လှပလွန်းတဲ့ ခါးတစ်ဝှိက် က အလှတရားရယ် ပြစ်မျိုးမှဲ့မထင် မထိရက် မတို့ရက် မျက်နှာလေးရယ် အရမ်းပြည့်စုံလွန်းလိုက်တာ။
ဒီလောက်အလှတရားနဲ့ဆို တမိုးအောက်ဂျွန်ဂျောင်ကုရဲ့ ကလေးလေးပါလို့ တကျောင်းလုံးကို ချပြရင် အကုန်မနာလိုကြမှာပင်။ဂျောင်ကုမှာ ကလေးလေးနဲ့ ပေါ်ထင်စွာ နေချင်ပေမဲ့ အခြေအနေတွေက မျက်နှာသာ မပေးသေးချေ။သူအောင်မြင်နေတဲ့ အတိုင်းအတာရယ် ကတောက်ကစ ဖြစ်နေတဲ့ အဖေနဲ့ သူ့ကြားက အခြေအနေတွေကြောင့်ပင်။
"ကိုကို~~~"
ဆော့ဂျင်ထံမှ ကြားရတဲ့ ခေါ်သံလေးကြောင့် ဂျောင်ကု အတွေးတွေ လွင့်ပြယ်သွားသလို မျက်နှာ ကြီးမှာ ဝင်းပလို့။ဒီ အခေါ်အဝေါ်လေးကို ကလေးလေး ဆီက ကြားချင်လွန်းလို့ ညက နမ်းတခါ ဖက်တလှည့်နဲ့ တောင်းဆိုထားရတာပင်။
"ဗျာ ကိုယ့်ကလေးလေး~~"
"ကျွန်တော် ဘယ်လိုနေလဲဟင်။ကြည့်ကောင်းရဲ့လား😊"
ပါးမို့မို့လေးတွေ ပေါ်သည်အထိ ပြုံးကာမေးလာတဲ့ ကလေးလေးဟာ ကြည့်ကောင်းတာထက် ပြည့်စုံလွန်းနေတယ် ဆိုတာ သူ ဘယ်လို ဖော်ပြရပါ့မလဲ။
"လှတယ်~~အသည်းယားစရာလေး~ မွချင်စရာလေး~~"
ဂျောင်ကုမှာ ပြုံးစိစိ ရွှန်းဆားဆား
မျက်နှာ နဲ့ အဖြေပေးသည်ကို ဆော့ဂျင်မှာ ကျေနပ်ပုံမရ နှုတ်ခမ်းလေးဆူထားလေသည်။"ဟွန်းးမေးတာက ကြည့်ကောင်းလားမေးတာကို ဖြေတာကတလွဲကြီး☹️"
ပုံစံကို ကြည့် လုံးရဲရဲလေး ဖြစ်နေတဲ့နှုတ်ခမ်းကို မဲ့ပြီး ဆူထော်ထော်လေး လုပ်ထားတာ အူယားစရာ။ဒီကလေးလေးက အလှတရားလေး။တမိုးအောက် ဂျွန်ဂျောင်ကုရဲ့ အိုအေစစ်လေး။
YOU ARE READING
My Heartbeat is you
Romanceစိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်ကို ဝင်လာမဲ့ ကောင်လေးKim Seok Jin တို့ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်