Jeon နဲ့ ကလေးလေးတို့ရင်ခုန်ခြင်း😚

1.7K 298 148
                                    

Unicode ~~~

ဝေဟင်ထက်မှာ လေယာဉ်ပျံသန်းနေတဲ့တလျှောက်လုံး စိတ်လှုပ်ရှားနေမိသည်။ချစ်ရသူဆီ ရောက်တော့မည် ဆိုတဲ့အသိက စိတ်အေးချမ်းမှု တစိတ် တပိုင်းကိုပေးစွမ်းသည်။

အရင်တုန်းက လေယာဉ် အကြိမ်ကြိမ်အခါခါစီးဖူးသော်လည်း ဒီနေ့စီးရသည့်လေယာဉ်ဟာ ပိုကြာသည်ဟုခံစားနေရသည်။ဒါကလည်း သူ့ရဲ့ ဆော့ဂျင် ဆီအမြန်ရောက်ချင်နဲ့စိတ်ဇောကြောင့်ပဲဖြစ်လိမ့်မယ်လေ။လေယာဉ်မောင်းတဲ့သူဟာ ကိုယ်မဖြစ်တာပဲ တော်သေးတယ်ပြောရမည်။မဟုတ်ရင် ကောင်း ကင်က ပျံနေတဲ့ ငှက်တွေအကုန် ငိုသွားတဲ့အထိ မိုင် ကုန်ပျံပစ်မှာ။

<ခရီးသည်များခင်များ မကြာခင် အချိန်အတွင်း အင်ချွန်းလေဆိပ်သို့ လေယာဉ် ဆိုက်ရောက်ပါတော့မယ်။>

လေယာဉ်မောင်းသူရဲ့ ထိုစကားကြောင့် မျက်လုံးလေးတွေမှေးတက်သွားသည်အထိ ပြုံးလိုက်သည်။

"နောက်ဆုံးတော့ ရောက်ပီပဲ~~"

ထိုကောင် လေးဟာ ဆရာဝန် Thesis အတွက် သူငယ်ချင်းဖြစ်သူ နမ်ဂျွန်းလို ဂျာမနီ မြို့ကို မရွေး ချယ် ပဲ Seoul မြို့ကိုရွေးခဲ့သည့် မင်ယွန်ဂီ ဆိုသော နှလုံးရောဂါ အထူးကုဆရာဝန်~။

သူSeoulကို ရွေးချယ်ခဲ့တာ ဆော့ဂျင် ရှိလို့။မတတ်နိုင်ဘူးလေ သူငယ်ချင်းထက် သူ့ညီကိုပိုချစ်တော့လည်း။လူမမြင်ရသေးဘူး တွေးမိရုံနဲ့တင် ပျော်တာ အူလှိုက်သည်းလှိုက်။

Suit အင်္ကျီအတွင်းထဲမှ ချစ်ရသူရဲ့ ဖုန်းနံပါတ်ကို ထုတ်ကြည့်လိုက်သည်။ထိုနံပါတ်လေးဟာ Londonမှာတုန်းက ဆော့ဂျင်ရဲ့ သူငယ်ချင်း Ken ဆီက​နေ
တောင်းခဲ့ခြင်းဖြစ်သည်။

ဟိုရောက်တာနဲ့လေဆိပ်မှာ ငွေလဲရမယ်။ပြီးတာနဲ့ ဆင်းမ်ကတ်ချိန်းပြီး
ဂျယ်လီပေါက် ကိုSuprise တိုက်ရမယ်။

ဂျယ်လီပေါက် ဆိုတာ ဆော့ဂျင် အတွက် သူပေးထားတဲ့နာမည်လေး~။ဂျယ်လီကြိုက်တတ်တဲ့ဆော့ဂျင် ကြောင့်ပဲ ဘယ်သွားသွား သူ့မှာ ဂျယ်လီ ၃ လုံးလောက် အိတ်ကပ်ထဲ အဆင်သင့် ဆောင်ထားရသည်။

My Heartbeat is youWhere stories live. Discover now