Unicode ~~~
ဆော့ဂျင်အား ရုတ်တရက်ပြေးဖတ်လိုက်တဲ့ ယွန်ဂီကြောင့် ဂျောင်ကု မျက်စိထဲ ဘာမှမမြင်တော့ဘဲ ယွန်ဂီကို ဆွဲထိုးလိုက်သည်။ဘာလို့ အခုလို ပြုမူမိလည်း ဆိုတာ သေချာစဉ်းစားကြည့်ရင် ဆော့ဂျင်ကို ထိလို့လား?ဒါမှ မဟုတ် ယွန်ဂီကို စောစောက ကိစ္စကြောင့်ပါ ကြည့်မရ၍လား?ခံစားချက်ကို သေချာမသိပေ။
ယွန်ဂီအားဆွဲထိုးပီး မကြာလိုက်ချက်ချင်း ဆိုသလို ဂျောင်ကုထံ တန်ပြန်လာတဲ့ လက်သီးတစုံကြောင့်
ပါးတဖက် ဟာ စပ်ဖျင်းသွားသလို နှုတ်ခမ်းထောင့် ၌ သွေးထွက်သွားလေသည်။သေချာသည်ကတော့ ယွန်ဂီမှ ပြန်ထိုးလိုက်ခြင်းပင်။"ငါတို့ကြားကိစ္စမှာ မင်းဝင်မပါနဲ့။"
ယွန်ဂီပြောလိုက်တဲ့ စကားကြောင့် ဂျောင်ကု ဘေးရောက်သလို ခံစားသွား
ရသည်။ငါတို့ကြား ဆိုတဲ့ အသုံးအနှုန်းဟာ ဘာကိုဆိုလိုချင်တာလဲ?ဆော့ဂျင်နဲ့ ဘယ်လိုပတ်သက်နေတာလဲ?"ဆော့ဂျင်က ငါ့အတွက်အရေးပါတယ်။မင်းဘာသာ ဘယ်လိုပတ်သက်နေပါစေ ငါ$ဂရုမစိုက်ဘူး။ဒါပေမဲ့ ဆော့ဂျင်တော့ မရဘူး။"
ဂျောင်ကု ထိုစကားပြောရင်းဖြင့် ယွန်ဂီရဲ့ အင်္ကျီ ကော်လံစ ကို ဆွဲထားလိုက်သည်။ထိုနည်းတူစွာ ယွန်ဂီကလည်း ဂျောင်ကုရဲ့ ကော်လံစကို ပြန်ဆွဲထားကာ အကြည့်ချင်း စစ်ထိုးနေသည်။
ဆော့ဂျင်ကတော့ ဂျောင်ကုနဲ့ ယွန်ဂီရဲ့ ကြားကို အတင်းတိုးဝင်ကာ ~~
"တော်ကြပါတော့~~ကျောင်းရှေ့ကြီးမှာကို။"
"Yoongi Hyung မနက်မှ ကျွန်တော့်ကိုလာတွေ့။ကျွန်တော်တို့ စကားအေးဆေးပြောကြတာပေါ့။"
ဆော့ဂျင်ရဲ့ စကားကို လက်ခံချင်ပုံ မရတဲ့ ယွန်ဂီမှာတော့ ဆော့ဂျင်ရဲ့
လက်ကို ဆွဲထားကာ~~"ကိုယ် နဲ့ အခုလိုက်ခဲ့လို့မရဘူးလား~ Jinလေး~။"
ဆော့ဂျင်ကို လက်ကိုင်ကာ လိုက်ခဲ့ဖို့ခေါ်နေတဲ့ ယွန်ဂီကြောင့် ဂျောင်ကုမှာ အတော်လေး ဒေါကီးနေရသည်။
"ခင်များ~အဲ့လက်ကို အခုလွှတ်ရင်ကောင်းမယ်နော်။"
ဂျောင်ကုရဲ့ အေးစက်မာကြောတဲ့ အပြောကြောင့် ဆော့ဂျင်မှာ လန့်နေမိပေမဲ့ ယွန်ဂီကတော့ ဘာမှ မဖြစ်သလိုပင်~။
YOU ARE READING
My Heartbeat is you
Romanceစိတ်ဒဏ်ရာကို ဖုံးကွယ်ပြီး ဘယ်သူနဲ့မှ ဖလဲ တကင်းမနေတဲ့ အားကစားတက္ကသိုလ်က ကောင်လေးJeon JungKook နဲ့ နှလုံးအားနည်းရောဂါကို ဖုံးကွယ်ပြီး အားကစားတက္ကသိုလ်ကို ဝင်လာမဲ့ ကောင်လေးKim Seok Jin တို့ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်