အနမ်းတို့၏ အဓိပ္ပာယ်😚

1.8K 283 148
                                    

Unicode~~~

အိပ်ပျော်နေတဲ့ ကလေးကို မနှိုးရက်တာမို့ မျက်စောင်းထိုးအခန်းမှာ ဆော့ဂျင်ရဲ့ အဝတ်အစားထုတ်ယူဖို့ ထွက်လာခဲ့သည်။

ဆော့ဂျင်ကို ပင်ပန်းမှာစိုးလို့သာ သွားမယူခိုင်းတာ ။သူကိုယ်တိုင်လာယူရတာလည်း ခပ်လန့်လန့် ။ဟိုတခါ ဆော့ဂျင် နဲ့ပြဿနာတက်တဲ့နေ့က အဲ့ဒီအခန်းက ဂျောင်ဟိုဆော့ ဆိုတဲ့ တယောက်က သူ့အား ဘာစကားတွေလာပြောမှန်းမသိ။

ခံရခက်တာတွေရော နားလည်တာတွေရော သူ့အဘိုးတဝမ်းကွဲတွေရော စုံစိနေတာပဲ။ထားပါလေ~~အခုလည်း ကလေးလေးရဲ့ အထုတ်ယူပြီး ကိုယ့်အခန်း ကိုယ်ပြန်လာယုံပဲဟာ။

ထို့နောက် မျက်စောင်းထိုး အခန်းက တံခါးကို လက်ဆစ်တွေဖြင့် ခပ်သွက် သွက် ခေါက်လိုက်သည်။၄/၅ ချက်
လောက် ဆက်တိုက်ခေါက်ပီးသည့်နောက် ဟိုဆော့ဆိုသူက တံခါးလာဖွင့်လေသည်။

"လိပ်ကြီးပါလား? ဘာကိစ္စရှိလို့လဲဗျ။"

"ဘာဗျ!!!ဘာလိပ်ကြီးလဲ?!!!😠"

ဟိုဆော့တို့ အခန်းဘက်ကို ဂျောင်ကု
မလာခင် ၁၀မိနစ်လောက်ခန့်ကဖြစ်သည်။

ဟိုဆော့နဲ့ဂျီမင် နှစ်ယောက်သား ဂျောင်ကုနဲ့ဆော့ဂျင်ကြားက အခြေအနေကို နှစ်ယောက်သား ဆွေးနွေးမိကြသည်။

ဂျောင်ကုနဲ့ဆော့ဂျင် တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သူငယ်ချင်းထက်ပိုနေသည်ဟု ခံစားမိတာကြောင့်ပင်။ထိုသည်ထက် ဂျောင်ကု ကို ကွယ်ရာ၌ လိပ်ခေါင်းရောဂါ ဖြစ်နေသည်ဟု ထင်ကာ လိပ်ကြီး ဟု နာမည်ပြောင် ပေးထားခြင်းဖြစ်သည်။

"Jimin Ahh~~ရေကူးကန်မှာ ဆော့ဂျင်မေ့လဲတော့ လိပ်ကြီးရဲ့ ပုံစံကို တွေ့လိုက်လား?"

"တွေ့လိုက်တာပေါ့ ရေထဲခုန်ဆင်းသွားလိုက်တာများ ဇိုးကနဲ ဇတ်ကနဲ။"

"အေးနော်။လိပ်ကြီးက ဆော့ဂျင်ကိုတခုခုပဲ"

"Ho Seok ရာ ~~မင်းကလည်း လိပ်ကြီး တင် မဟုတ်ဖူး။ငါတို့ဆော့ဂျင်ကလည်း တခုခုပဲ။"

My Heartbeat is youWhere stories live. Discover now