ကမောက်ကမ အခြေအနေ😆

1.6K 293 185
                                    

Unicode ~~~

သူတို့ဘာတွေလုပ်နေမိပါလိမ့်??စီးမြောနေမိတဲ့ အနမ်းတွေဟာ တဖက် သတ်မဟုတ်ပဲ နှစ်ဦးလုံးတူညီစွာပင်။ထိုသည်ကို မိုးနတ်ဒေဝါက မနာလို ဖြစ်နေလေသလား? "ဂျိန်း"ဟူသော ကျယ်လောင်သည့် မိုးခြိမ်းသံ ကြောင့်  နှစ်ဦးသား ဖယ်ခွါလိုက်မိသည်။

"ဟို~~~သွားလိုက်ဦးမယ်နော်။"

ဆော့ဂျင်ရှက်လွန်းလို့ အခန်းထဲကထွက်လာပြီး ဂျောင်ကု ဘယ်လိုဘယ်ပုံကျန်ခဲ့သည်ကိုပင် လှည့်မကြည့်ခဲ့ပါ။ထို့နောက် ရှက်ရမ်း,ရမ်းမိပြီး ဟိုဆော့ တို့ အခန်းကို ဝင်သွားမိတော့ ကုတင် ပေါ်မှာ နှစ်ယောက် စောင်ခြုံ၍ပူးကပ် ကာ ဖက်နေကြ ဟိုဆော့နဲ့ဂျီမင်။

ဘာတွေလဲ ရှက်လွန်းလို့ ပြေးထွက်ခဲ့ကာမှ သူတို့နှစ်ယောက်က ဘာဖြစ်နေကြတာလဲ???

"ဟို~~မင်းတို့ကို နှောက်~~~နှောက် ယှက်မိ ပီလားဟင်??"

"ဆော့ဂျင် မင်းဘာရပ်လုပ်နေတာလဲ? လာလေး ငါ့ဘေးမှာ ဝင်နေ"

မျက်နှာတရှုံ့ရှုံ့နဲ့ ကုတင်တဖက်ဘေးက နေရာလွတ်အား ပုတ်ပြကာ ခေါ်နေတဲ့ ဟိုဆော့ မှာ တခုခုကို ကြောက်နေဟန်။သူမေးတာလဲ ကြားပုံမပေါ်။

ထို့ကြောင့် ဆော့ဂျင်လဲ ဝင်ထိုင် မလို့ဟန်ပြင်နေသည့်အချိန်တွင်~~~

"ဂျိန်းး"

"အောမ်မားရေ!!!"

"အောမ်မောညီး ရေ!!"

မိုးခြိမ်းသံ နဲ့အတူ ကုတင်ပေါ်မှ ဟိုဆော့နဲ့ ဂျီမင်ရဲ့ အော်သံကြောင့် ဆော့ဂျင်မှာ ထိုင်ချရမလို ပြန်ပဲ ထွက်သွားရမလို။

"ဘာလုပ်နေတာလဲ မြန်မြန်လာထိုင် လေ။ကြောက်လို့သေပါတော့မယ်ဆိုမှ!"

ဟိုဆော့က ထပ်ခေါ်နေတာမို့ ဆော့ဂျင်လဲ စောင်လေး အနည်းငယ်ဆွဲယူကာ ဝင်ထိုင်လိုက်သည်။

"အာရီးဂူး~~အခုမှ နည်းနည်းလုံခြုံသွားသလိုပဲ!"

ဟိုဆော့ရဲ့ စိတ်သက်သာရာ ရသလို အပြောကြောင့် ဆော့ဂျင် မနေနိုင်မထိုင်နိုင်မေးမိသည်။

"ဟို ~~ဘာဖြစ်နေကြတာလဲ?"

"ငါတို့ နေ့လည် ကျောင်းက ပြန်လာတော့ Conjuring 3 နဲ့ Annabelle သရဲကားတွေ ထိုင်ကြည့်လိုက်တာလေ။"

My Heartbeat is youWhere stories live. Discover now