Part 2

1.7K 77 11
                                    

ဘုန်းမြတ်လွန်း ခုံကိုရိုက်လိုက်တာကြောင်လရောင်ခလည်းတုန်တက်သွားသလို့ရှင်းသန့်နေလည်းကြမ်းပြင်နဲ့ထိလုမတတ်ခေါင်းငုံ့သွားတယ် ။
"အဲ့ဒါက ဘာဖြစ်သွားတာလဲ "
"ဟိုသား ချော်လဲကျသွားလို့ပါဦး "
မျက်နှာကိုလက်နဲ့ကိုင်ရင်မေးတာမို့ ရှင်းသန့်နေ  တလွဲဖြေလိုက်သည်။
"ဘုန်းမြတ် စိတ်လျှော့ ဟေ့ယောင် "ဓန ပြောလိုက်မှ သက်ပြင်းချပြီး ထိုင်လိုက်သည်။
"ညီအမှန်တိုင်းဖြေ ညီကိုဘယ်သူလုပ်လိုက်တာလဲ"
"ဟို..... ဟို......"
"ဖြေလေ တစ်ဟို ဟိုနဲ့အနေတာလားရှင်းသန့်နေ "
"ဘုန်းမြတ်ရာ ငါမေးနေတယ်လေကွာ ညီ မကြောက်နဲ့အစ်ကိုတို့ကခေါင်းဆောင်တွေလေ ညီပြောပြလို့ရတယ် ညီမပြောပြရင် အစ်ကိုတို့ဘာသာသိရင် ညီလည်းအပြစ်ပေးခံရမယ်"
"ဟင် "နေမင်းပြောပြီးတော့ရှင်းသန့်နေမော့ကြည့်လာခဲ့သည်။
"သားနဲ့အတူအိပ်တဲ့စီနီယာအစ်ကိုတွေပါ အစ်ကိုသူရီန်"
"Ok လိမ်မာတယ်ညီ "
ရှင်းသန့်နေပြောလိုက်တော့ ဓနက အာကာကိုခေါ်ကာ လူစုခိုင်းလိုက်တော့တယ်။အားလုံးခေါ်ကာ အဖြစ်အပျက်တွေကိုပြောပြီး အနိုင်မကျင့်ဖို့ပြောလိုက်သည်။ ရှင်းသန့်နေကိုအနိုင် ကျင့်သူများကို ကွင်းထဲပြေးခိုင်းကာ အပြစ်ပေးလိုက်သည်။ ပြီးနောက်ပြန်လူစုခွဲစေသည်။
"ရှင်းသန့်နေအခန်းထဲလိုက်ခဲ့ "
ဆိုကာလက်ကဆွဲပီးခေါ်သွားသည့်ဦးကြောင့်မပြုတ်ကျအောင်ထိန်းရင်းလိုက်ခဲ့ရသည်။
"အခန်းထောင့်မှာမတ်တပ်ရပ်နေ "
ဦးပြောတဲ့အတိုင်းရှင်းသန့်နေ ရပ်နေလိုက်သည်။ ဦးကတော့ ဆေးသေတ္တာကိုယူနေသည်။ ပြီးတော့
"လာခဲ့ ငမွှေတိုးလေး "ဦးကအဲ့လိုခေါ်တော့ ရှင်းသန့်နေ နှုတ်ခမ်းဆူမိတယ် ဦးဆီသွားတော့ သူ့လက်ကိုဆွဲကာ အရှေ့ကထိုင်ခုံမှာထိုင်ခိုင်းသည်။ ပြီးတေ့ာ မျက်နှာက ဒဏ်ရာကိုဆေးလူးပေးသည်။ ဆေးလူးပြီးတော့
"ထ ထိုင်ထ 100လုပ် နောက်တစ်ခါမျက်နှာကိုဒဏ်ရာမရစေနဲ့ "
"ဟုတ်ကဲ့ ဦး "
"သေချာအောက်ထိ ထိုင်ချပြီးအမှတ်စဥ်ရေ နော် ကျော် ရေ ရင် နှစ်ဆပဲ "
ဦးအရှေ့မှာတင် ရှင်းသန့်နေထိုင်ထလုပ်ရသည် ငယ်ငယ်ကတည်းက လုပ်နေကြဆိုပေမယ့် အဲ့လိုလုပ်တိုင်းရှက်မိသည်။ ဦးကလည်အရှေ့ကနေထိုင်ပြီးရှင်းသန့်နေထိုင်ထ လုပ်တာကိုကြည့်နေသည်။
"100...ပြည့်ပြီ ဦး"
"အင်းနောက်တစ်ခါဆ်ို နှစ်ဆပဲ ရှင်းလေး ပြီးတော့ ဒဏ်ရာထပ်မဖြစ်စေနဲ့ နောက်နေ့ ကိုယ်နဲ့အတူတစ်ခန်းထဲလာနေ ရော့ ဒါက မင့းအတွက် ကျောင်းမသွားခင်စားသွား အခု သွားလို့ရပီ ညနေအထုပ်သိမ်းပြီးလာခဲ့ "
"ဟုတ်ကဲ့ဦး "
ဦးပေးတဲ့မုန့်ထုပ်ကိုကိုင်ပြီး အဆောင်ကိုပြန်လာခဲ့သည်။ အထဲက်ိုဖွင့်ကြည့်လိုက်တော့သူကြိုက်သည့် ဝေဖာနဲ့နို့အေး ဗူးလေးဖြစ်သည်။ ဦးပေးတဲ့မုန့်ကို မနက်စာအဖြစ်စားရင်း ပစ္စည်းတွေကိုသိမ်းလိုက်သည်။
ခငယ်တစ်ယောက် သူရိန်ပေါင်ပေါ်ထိုင်ရင်းမုန်​့စားနေလိုက်သည်။
"ကိုကို  သားလေ ကျောင်းတတ်လို့ရှိရင် ကိုကိုလိုက်ပို့မှာလားဟင်"
"လ်ိုက်ပို့မှာပေါ့ ခငယ်ရဲ့ ကဲ ကလေး ဖုန်းကြည့်ရင်းမုန့်စားနေတာတော်ပီလေ ထ ခဏအိပ်လိုက်နော် "
"သားအိပ်ချင်သေးဘူးကိုကို"
"ကိုကိုချော့သိပ်မယ်လေ ခဏအိပ်လိုက်လေနော် အဲ့မှအားရှိမှာ "
"Hoke "ဆိုကာရင်ခွင်ထဲတိုးဝင်လာသည့်အကောင်ပေါက်လေး နဂိုကတည်းကအိပ်ချင်နေတာမအိပ်ပဲ ဖုန်းကြည့်နေတာဖြစ်သည်။ ကိုကိုက ခငယ်ကိုလက်လေးနဲ့ ပုတ်လိုက်ရင်း ချော့သိပ်လိုက်သည်။ ခငယ်အိပ်ပျော်သွားတော့သူရိန်လည်းလုပ်စရာ ရှိတာကိုလုပ်ရတော့သည်။ ရှင်းသန့်နေ လည်း အထုတ်တွေသိမ်းပြီးဘုန်းမြတ်မင်းအခန်းထဲသွားရတော့သည်။
"ဦး သားရောက်ပြီ"
"အင်း အထုတ်တွေသေချာထားလိုက် အဝတ်တွေသေချာစီထည့်ကိုယ် meeting သွားလိုက်အုန်းမယ်"
"ဟုတ်ကဲ့ ဦး"
ဦးထွက်သွားတော့ ရှင်းသန့်နေ အဝတ်တွေကို ဗီရို ထဲသေချာစီထည့်လိုက်သည်။ ဦး ကအဝတ်တွေပွနေတာမကြိုက်ပေ ။ အမြဲသန့်ရှင်းနေတာ ကိုကြိုက်သည်။နေမင်းသူရိန်တစ်ယောက်ခငယ်ကို အိပ်ပျော်အောင်သိပ်ပြီး meeting room ထဲဝင်လာခဲ့သည်။meeting room ထဲရောက်တာနဲ့ LED screen ပြောမှာ ကလေးငယ်များမူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချ နေသော ဂိုဏ်း ခေါင်းဆောင်များပေါ်လာသည်။ ဒီနေ့ က သူတို့ mission တစ်ခု ရှိလေသည်။ အဲ့ဒါက အခု screen မှာပြထားတဲ့ ဂိုဏ်းခေါင်းဆောင်က တစ်ခြားဂိုဏ်းနဲ့ ပစ္စည်းလဲမှာဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင်လာနိုင်သလို့ သူ့လက်ထောက်ကလည်းလာနိုင်တာကြောင့် စောင့်ဖမ်းရန် mission ဖြစ်လေသည်။ meeting ပြီးတော့ mission ထွက်ဖို့အတွက်အားလုံးပြင်ဆင်နေရသည်။ နေမင်းသူရိန် အခန်းထဲပြန်ရောက်တော့ လရောင်ခ ကမုန့်စားနေသည်။
"ခငယ် ကိုကို mission တစ်ခုသွားစရာရှိလို့ မဟာနဲ့ခဏနေခဲ့နော် မဟာတို့အခန်းထဲသွားအိပ်နော်"
"ကြာမှာလား ကိုကို "
"တစ်ရက်ပဲကြာမှာ မနက်ပြန်လာခဲ့မယ် " .
"ဟုတ်ကဲ့ိကုကို ဒဏ်ရာမရစေနဲ့နော်"
ခငယ်အပြောကြောငိးနေမင်းသူရိန်ပြုံးလိုက်သည်။ ပြီးတော့ ခငယ်ပါးကိုနမ်းလိုက်သည်။ ခငယ်က သူရိန် တို့ကားထွက်သွားတဲ့အထိ အပြင်ကနေ စောင့်နေသည်။ သူ့ဘေးနားရှင်းသန်​့နေ ရပ် လိုက်တော့မှ
"လရောင် mission,တစ်ခုလေးပါပဲ ဘယ်လောက်မှ ကြာမှာမဟုတ် ပါဘူး ခဏပါပဲ "
"ခဏဆိုတာသိပေမယ့်လဲ ငါကတော့လွမ်းနေရမှာ"

He is my Light Where stories live. Discover now