Part 10

1K 51 12
                                    

"အဲ့လိုကြတော့ရော ကိုစိုင်းကကောင်းသားပဲနော် "
"အင်းဟုတ်တယ် ခုငါဗိုက်အရမ်းဆာနေပြီ အမြန်ထည့်ပေးပါတော့ "

"လရောင်မင်းမှာတာ ဂျပန်ငါးပေါင်မုန့်ရောပါလို့လား "

"ကြေးအိုးတစ်ခုပဲမှာတာကိုစိုင်းက ငါးပေါင်မုန့်နဲ့ အအေးဝယ်လာပေးတာ "

"Wowww.. မိုက်တယ်ကွ "

ရှင်းသန့်နဲ့လရောင်မုန်​့စားနေစဥ်

"အဟမ်းးးအဟမ်းးးး ကလေးပေါက်တွေ မင်းတို့လူကြီးတွေမရှိတော့လုပ်ချင်ရာလုပ်နေတယ်ပေါ့လေ "

"မဟုတ်ပါဘူးဦးဖေဖေ"

"နောက်ဗိုက်ဆာရင်ဖုန်းဆက်လိုက်နော် ကလေးငယ်သူငယ်ချင်းသနားပါတယ် "

"ဟွန့် ဦဖေဖေကိုသားကမပင်ပန်းစေချင်လိုပါ
ဒါနဲ့ကိုကို တို့သတင်းဘာကြားရလဲဟင် "

"အင်း အခြေအနေ ကောင်းပါတယ် "

"ဟုတ် သားက ကိုကို ကိုလွမ်းနေတာ "

"ဟုတ်ပါပြီဗျာ စားပြီးစောစောအိပ်ကြ "

"ဟူတ်ကဲ့ ဦးဖေဖေ "

လရောင်တစ်ယောက် မုန့်စားပြီးဆေးသောက်လိုက်သည်။ ကိုကို သွားတာတစ်ရက်ပဲရှိသေးပေမယ့် လရောင်ကတော့လွမ်းနေမိသည်။

သူရိန်တို့ ရောက်တာနဲ့အခြေအနေကြည့်ကာ စစ်ဆင်ရေးစဖို့ ​တာဝန်ခွဲလိုက်ကြသည်။ ဘုန်းမြတိနဲ့ သူရိန်က အထဲဝင်ကာဓားစားခံသွားခေါ်မည်။ ဓနကတော့ အပြင်က လူများကိုတိုက်ထုတ်ရမည်ဖြစ်သည်။

"မဟာ ကိုယ့်စိတ်ချမယ်နော် "

"ဟုတိကဲ့ ဓန "

ဓန တစ်ယောက် မဟာ့ကိုစိတ်မချပေ သူက အခုမှ စစ်ဆင်ရေးကိုလိုက်ဖူးသူဖြစ်သည်။ တကယ် အမှားများလုပ်မိရင်သေမှာဖြစ်သည်။ သူတို့နဲ့က ရက်စက်ကြမ်းကြုတ်တဲ့ လူတွေဖြစ်တာတော့ ဓန တစ်ယောက်ခွန်းကိုစိတ်မချပေ ။ ဒါပေမယ့်သူက အပြင်ကနေပီးရန်သူကို ကြည့်ပေးရမည်ဖြစ်တဲ့အတွက် စနိုက်ဘာ သမားနဲ့အတူထားခဲ့ရတော့သည်။

မနက်ရောက်တော့ရှင်းသန့်ကလဲကျောင်းတတ်ရမည်ဖြစ်သောကြောင့်သူ့ကိုလိုက်မပို့ပေ အဲ့တော့ ဦးဖေဖေကလဲမအား အဖွဲ့ထဲက အကိုတစ်ယောက်က ကျောင်းလိုက်ပို့သည်။ အပြန်တော့လာမကြိုခိုင်းတော့ပေ စိုင်းကို လိုက်ပို့ခိုင်းမည်။

He is my Light Where stories live. Discover now