လရောင် ဘေးတံခါးသော့ ဖွင့် လိုက်တော့ ကိုစိုင်းတို့ကရောက်နေပြီဖြစ်သည်။ တစ်ခြားကိုစိုင်းသူငယ်ချင်းတွေပါ ပါသည်။ အားလုံးလရောင်အပါအဝင် 6ယောက်ဖြစ်ပြီး လရောင်ကလွဲ ပြီးကျန်တဲ့ သုများက ဆိုင်ကယ်နဲ့ဖြစ်သည်။
လရောင်လဲ ကိုစိုင်း ဆိုင်ကယ်ဖြင့်လိုက်ပြီး ကလပ် ကို ဦးတည်လိုက်သည်။ ကလပ်ရောက်တော့ ကိုစိုင်တို့က အခန်းကြိုတင်ယူထားတာကြောင့်သွားလိုက်သည်။ ပြီးတော့ ကိုစိုင်တို့က အမျိုးမျိုးသောက်ဖို့မှာသည်။
"Moon မသောက်နဲ့ နော် အအေးပဲသောက် အမြည်းကတော့ ကြိုက်သာစား "
"အဲ့ဆို ကိုစိုင်းတို့လဲမသောက်နဲ့ ကိုစိုင်း တို့သောက်ရင် လရောင်လဲ လိုက်သောက်မှာ "
"မဟုတ်ဘူးလေ Moon ကလဲ "
"မသိဘူး မသိဘူး ကိုစိုင်းတို့သောက်ရင် လိုက်သောက်မှာပဲ "
စိုင်း တစ်ယောက်သက်ပြင်းချမိသည်။ ကျန်တဲ့ စိုင်းသူငယ်ချင်းတွေက လဲ သောက်ရတော့မလို ပြန်ထားရတော့မလိုဖြစ်နေသည်လေ
"လရောင်က သောက်မှာပဲ ဝိုင်သောက်မယ် "
"အင်းသောက် အရမ်းမသောက်နဲ့နော် "
"Hoke အေးဆေးပါ မနက်ဖြန်ကျောင်းပိတ်တယ်လေ "
"အင်းပါ "
ဒီလိုနဲ့ စားသောက်ကြနဲ့ လရောင်က မမှောက်ယုံပင်ကျန်တော့သည်။ မူးပြီးပါးတွေလဲရဲနေပြီ အဲ့အချိန်ထငိုတာကြောင့် စိုင်း စိတ်ပူသွားသည်။
"ဟေ့ယောင် သူ့ပြန်ပို့သင့်ပြီနော် 11ရှိပြီ "
"အေး ငါသူ့သွားပိုပြီးပြန်လာမယ် "
"အေးပါကွား "
ရှင်းသန့်စာလုပ်ပြီးတော့ 11:30နေပြီ အဲ့တော့ လရောင့ကိုခဏသွားကြည့်ရမည် သူလရောင်ကိုတစ်ယောက်ထဲ စိတ်မချ ပေ အဲ့တော့အခန်းတံခါးခေါက်တာပြန်ထူးသံမကြားလို့ ဖွင့်ကြည့်လိုက်တော့ဘယ်သူမှမရှိ လရောင် ဘယ်သွားလဲ မသိတာမို့ ဖုန်းဆက်လိုက်သည်။ တစ်ခါ နှစ်ခါမကိုင်ပေ သုံးခါမြောက်မှာတော့
'ဟယ်လို လရောင်ဘယ်မှ လဲ '
'ဟို ငါက လရောင်မဟုတ်ဘူး စိုင်းစစ်ခမ်း '
YOU ARE READING
He is my Light
Paranormal#15.3.2022 ရေးအသားညံ့လို့သည်းခံပီးဖတ်ပေးကြပါဗျ Comment နဲ့ review လေးတွေလည်းလိုချင်မိတယ် Voteလေးလည်းပေးကြပါ အခုမှစရေးတာမို့အမှားပါရင်လည်းခွင့်လွှတ်ပေးကြပါ. စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့ နားလည်ပေးကြပါ ဇာတ်လမ်းထဲမှာပါတာက Type 3မျိုးမတူအောင်ရေးထားတာပါ r...