စားပြီးသုံးယောက်သားအိပ်ပျော်သွာသည်။ နေမင်းသူရိန်တို့က စောသေးတာကြောင့် club ထဲမဝင်သေးဘဲ အပြင်တစ်နေရာကနေအခြေအနေက်ိုအကဲဖြတ်နေသည်။ ည7 နာရီမှ club ထဲဝင်သွားသည်။ ဝင်ပေါက်ကို ဘုန်းမြတ်လွန်းကပိတ်ထားသည်။ အနောက်ဘက်ဝင်ပေါက်ကိုလဲ ဓန နဲ့တခြားအဖွဲ့ခေါင်းဆောင်က ပိတ်ထားသည်။ နေရာကိုသေချာ ချပေးပြီး စိတ်ချရတဲ့ အထိ လုပ်ရသည်။ ပြီးမှ ခေါင်းဆောင်ကိုလိုက်ရှာရသည်။ အဝေးကြီးရှာစရာမလိုပဲ အခန်းထောင့်ဆိုဖာ ပေါ်မှာထိုင်ရင်းအရက်သောက်နေသည်။ ထိုချိန် တစ်ခြားဂိုဏ်းကပါ ရောက်လာသည်မို့ သတိထားရန် အချက်ပေးရတော့သည်။ လရောင် အိပ်နေရင် ဗိုက်အောင့်ကာ အန်ချင်လာတာကြောင့်ထပြီး ရေချိုးခန်းထဲသို့ အမြန်လာရသည်။ အန်ပြီးတော့ ခေါင်းတောင်မထူနိုင်အောင်မူးနေသည်။
ရှင်းသန့်နေ လရောင်အန်နေတာကြောင့် ထကာ
" လရောင်သက်သာလား "
"Inn "
လိုသာဖြေနိုင်ပြီး မူးလဲသွားသည်။ ရှင်းသန့်နေလဲ လရောင်ကြောင့်ဘာလုပ်ရမလဲမသိဖြစ်သွားသည်။ သူကိုယ်တိုင်လဲ ဗိုက်အောင့်နေတာကြောင့် လရောင်ကိုပွေ့ချီလို့မရနိုင်ဖြစ်နေသည်။ ထိုချိန်မဟာနိုးလာတော့ သန့်စင်ခန်းဝင်ချင်လာတာကြောင့် အိပ်ချင်မူးတူးနဲ့ဝင်လာခဲ့သည်။ ထိုအခန်းထဲရောက်တော့ မေ့လဲနေတဲ့လရောင်ကိုအတင်းပွေ့နေတဲ့ရှင်းသန့်နေကိုမြင်တော့ သေးပေါက်ချင်တဲ့စိတ်တောင်ပျောက်သွားသည်။
"ရှင်းသန့် လရောင်ဘာဖြစ်တာလဲ "
"အစ်ကို လရောင်က အစပ်နဲ့မတည့်ဘူး ကျွန်တော်ရော ပဲ အခု ဗိုက်တွေအရမ်းအောင့်နေတယ်အစ်ကို လရောင်က ခုဏကအန်ထားသေးတယ်"
"ဟူး.... ငါတော့သေတော့မယ် စိတ်တွေညစ်ပါတယ်"
ခေါင်းကုတ်ကာ လရောင်ကိုပွေ့ချီလိုက်သည်။ ပြီးတော့ စခန်းက ယာယီ ဆေးခန်းမှာထားကာ လိုအပ်တာတွေလုပ်ပေးလိုက်သည်။ ပြီးတော့ရှင်းသန့်နေ အလှည့် ဗိုက်အောင့်ပြီးလမ်းမရှောက် နိုင်တာကြောင့် တခြားသူတွေကိုအကူညီတောင်းကာ တွဲခေါ်လာရသည်။ သူ့ကိုလဲလိုအပ်တာလုပ်ပေးရင်း ဆေးတစ်လုံးချိတ်ပေးလိုက်ကာ လရောင် ဆီသွားရတော့သည်။ အခုက အားနည်းနေတာမို့နှုတ်ခမ်းကအရောင် ဖျော့ရော့နေသည်။ ကိုယ်ပူကလဲတတ်နေတာကြောင့် အဖျားကျဆေးကထိုးပေးရသေးသည်။ 15မိနစ်တစ်ခါအဖျားတိုင်းပေးရပြန်သည်။ ရေဝတ်လဲတင်ပေးရသည်။ ပြီးတော့ရှင်းသန့်နေကိုသွားမေးနဲ့ မဟာတစ်ယောက်ထဲအလုပ်ရှုပ်နေသည်။ ရှင်းသန့်နေလဲအိပ်ပျော်သွားတော့မှသက်ပြင်းချမိသည်။ 'သောက်ကလေးတွေဒုက္ခကိုပေးလွန်းသည်။ သူတို့နဲ့မတည့်ဘူးဆို အစကတည်းကပြောပါလားအခုတော့ ငါသေတော့မယ် ကိုဘုန်းနဲ့သူရိန်ကိုငါဘယ်လိုပြန်ပြောပြရမှာတုန်း ဓနနဲ့ဆို ငါတော့တစ်ပတ်လောက်အိပ်ရာ ထဲက ထနိုင်မှာမဟုတ်လောက်ဘူး ဟူး.... သူတို့ကြောင့်စိတ်မောရတယ်' ခဏကြာတော့ ရှင်းသန့်နေ တစ်ယောက်နိုးလာခဲ့သည်။
"ရှင်းသန့် သက်သာလား ညီ "
"ဟုတ် အစ်ကို သက်သာပါတယ် လရောင်ရော အစ်ကို "
"သူကအခုထိတော့သတိမရသေးဘူး စိတ်မပူပါနဲ့တော့ သူသတိမရ ရင် မနက် ကျ ဆေးရုံပို့ရတော့မှာပဲ "
"ဟင် အဲ့ဆို အစ်ကို သူ သက်သာမှာပါနော် "
"အင်း အဲ့ဆို ညီ ခဏပြန်အိပ်လ်ိုက်ပါလား "
"ဟုတ်ကဲ့ အစ်ကို မဟာ "
ရှင်းသန့် အိပ်ပျော်သွားတော့ လရောင်ခ ဆီသွားကာ အဖျားကျမကျသွားတိုင်းရပေသည်။ အခုမှ လရောင်ခမျက်နှာက သွေးရောင်နည်းနည်း ရှိလာတော့သည်။ နေမင်းသူရိန်တို့ mission ကပြန်လာတော့ လရောင်ကိုလိုက်ရှာတော့ တစ်ယောက်မှမတွေ့ အဲ့ဒါနဲ့ တစ်ခြားတစ်ယောက်ကိုမေးလိုက်တော့မှ လရောင်နဲ့ရှင်းသန့် ဆေးခန်းထဲရောက်နေတာကိုသိလိုက်ရသည်။ အမြန် အခန်း သွားတော့ ကုတင်ထက်မှာ လှဲနေတဲ့ လရောင်ကိုတွေ့သည်။ တစ်ဖက်ကုတင်မှာလဲ ရှင်းသန့်ကအိပ်နေသည်။ မဟာကတော့......
"ကလေးတွေဘယ်လိုဖြစ်တာလဲမဟာ "
"ဟို ငါတောင်းပန်ပါတယ်ကွာ သူတို့က Spicy ခေါက်ဆွဲစားချင်တယ်ပြောလို့ လုပ်ကျွေးလိုက်တာ သူတို့အစပ်နဲ့ မတည့်မှန်းငါ မသိလိုက်ဘူး"
"ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းပဲမဟာ"
ဘုန်းမြတ်လွန်းနဲ့ နေမင်းသူရိန်က ဘာမှမပြောဘဲ ဓနကပဲ သူ့ပြောနေတာကြောင့် ငိုချင်မိသည်။
"ကဲ ဓန သူလည်းမသိလို့လုပ်မိတာခွင့်လွှတ်လိုက်ပါကွာ သူ့အမှာ ပဲမဟုတ်ဘူးလေ ကလေးတွေအမှာလဲပါတာပဲ "
"ဘုန်းမြတ်ပြောတာမှန်တယ် ဓန စိတ်လျှော့ အခု ကလေးတွေအခြေအနေက ဘယ်လိုလဲ မဟာ"
"ရှင်းသန့်က အခုမှပြန်အိပ်သွားတာ လရောင်က သတိမရသေးဘူး အဖျားတော့ကျသွားပြီ"
"အင်း ကျေးဇူး မင်းလဲ နားတော့လေ "
"အဲ့ဆိုငါသွားတော့မယ် မဟာ လာသွားမယ်"
"အေး မဟာကိုလည်း အရမ်းအပြစ်ပေးမနေ နဲ့အုန်းနော် "
သူရိန်ပြောတဲ့စကားကို ဘာမှပြန်မပြောပဲ အရှေ့ကနေခြေလှမ်းကျဲ ကြီးနဲ့ သွားတဲ့ဓန အနောက်မဟာမပြေးရုံတမယ်လိုက်သွားရသည်။ သူတို့နှစ်ယောက်ထွက်သွားမှ ကုတင်ပေါ်က ကောင်လေးနှစ်ယောက်ကိုကြည့်ရင်း ဘုန်းမြတ်လွန်းနဲ့သူရိန် သက်ပြင်းချလိုက်မိသည်။ သူရိန်ကတော့ ရေဝတ်လှဲ ပေးရန်ပြင်လိုက်သည်။ ဘုန်းမြတ်လွန်းကတော့ နိုးလာရင်စားဖို့အတွက်ဆန်ပြုတ်သွားဝယ်လိုက်သည်။ ခဏကြာတော့လရောင်သတိည်ရလာသည်။ သတိရလာတော့ ထိုင်ခုံမှာထိုင်ရင်း လရောင်လက်ကိုကိုင်ထားသည့် ကိုကို့ကိုတွေ့တော့
"ဟင့် ကိုကို"ဆိုကာ ချက်ချင်းထလာပြီး သူရိန်ရင်ခွင်ထဲဝင်လာသည်။
"ခငယ်သတိရလာပြီလား ဗိုက်အောင့်သေးလား ခေါင်းရောမူးနေလား"သူရိန့် အမေးကိုခေါင်းခါပြီးဖြေလိုက်လေသည်။
YOU ARE READING
He is my Light
Paranormal#15.3.2022 ရေးအသားညံ့လို့သည်းခံပီးဖတ်ပေးကြပါဗျ Comment နဲ့ review လေးတွေလည်းလိုချင်မိတယ် Voteလေးလည်းပေးကြပါ အခုမှစရေးတာမို့အမှားပါရင်လည်းခွင့်လွှတ်ပေးကြပါ. စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့ နားလည်ပေးကြပါ ဇာတ်လမ်းထဲမှာပါတာက Type 3မျိုးမတူအောင်ရေးထားတာပါ r...