Part 5

1.2K 54 2
                                    

လရောင်နိုးလာတော့ ကိုကိုမရှိ တစ်ယောက်ထဲ ပျင်းတာနဲ့ကိုကို သိမ်းထားတဲ့ လရောင်ဖုန်းကိုယူကာ လိုင်းပေါ်တတ်လိုက်သည်။ နှစ်ရက်လောက် လိုင်းမတတ် တာမို့ ဖွင့်လိုက်တာနဲ့ noti များတတ်လာသည်။ ​သူငယ်ချင်းတွေက စာတွေလဲပို​့လာကြည်။ အဲ့တော့ ဝင်ကြည့်ရပြန်သည်။ မေသူက အဆိုးဆုံးဖြစ့သည်။ သူက အသစ်ထွက်သမျှ bl စာအုပ်များကိုသူနဲ့အတူဝယ်ရန်လရောင်ကိုစည်းလုံး နေတာဖြစ်သည်။ သူ့ကြောင့်ထွက်သမျှစာအုပ်များကို ဝယ်မိတာလဲ လရောင်ပင်ဖြစ်သည်။ ကိုကိုက ကြိုက်လားမသိ မကြိုက်လားမသိ ပြီးတော့ လရောင်ရဲ့မုန့်ဖိုးအားလုံးက ကိုကိုဆီမှာဖြစ်သည်။ လရောင်လိုင်းပေါ်က online shopကတင်သမျှ BT 21အရုပ်တွေကိုကြည့်ရင်လိုချင်လာသည်။ အဲ့တော့ကိုကို လာရင်ပူဆာရမည် ။ လရောင် ဖုန်းသုံးရင်းလိုချင်တာများနေတာကြောင့်နှုတ်ခမ်းဆူမိသည်။ သူရိန် ဝင်လာတော့လ​ေရာင်က သူ့ကိုသတိထားမိပုံမပေါ် သူ့ထိုင်ခုံပေါ်​မှာဆောင့်ကြောင့်ထိုင်ပြီး နှုတ်ခမ်းဆူကာလိုင်းသ​ုံးနေတဲ့ကလေးကြောင့် ဘာတွေအလိုမကြ ဖြစ်နေလဲမသိပေ အနားသွားကာ

"ကလေးငယ် အရှေ့က ကိုကို့ ကွန်ပြူတာကိုထိုးမိတော့မယ် "

"ဟင် ကိုကို ",

သူပြောလိုက်တော့သူ့ကိုမော့ကြည့်လာတဲ့အကောင်ပေါက်လေး သူ့ဆီကို လက်ကမ်းပေးတာကြောင့်အချွဲလေးကိုချီလိုက်ရတော့သည်။ ပြီးတော့ ထိုင်ခုံပေါ်ထိုင်လိုက်သည်။

"ပြောပါအုန်း အကောင်ပေါက်လေးရယ် ဘာတွေအလိုမကျဖြစ်နေတာလဲ "

"သားအခုလိုင်းဖွင့်လို့ မေသူက ပို့ထားတယ် သိလား"

"ဘာတွေပို့ထားတာလဲ ကလေး"

"စာအုပ်တွေလေ သားလိုချင်တယ် "

"ဘာ စာအုပ်လဲကလေး "

"ဟို အဲ့ဒါက bl စာအုပ်ကိုကို သားအရင်ကတည်းကဖတ်တာ"

"သိတယ်လေ ငယ့်အခန်းထဲလာရင်စာအုပ်စင်မှာ အဲ့စာအုပ်တွေကြီးပဲလေ အခုကအသစ်ထွက်တာလိုချင်တာလား"

"ဟုတ်တယ်ကိုကို အဲ့ဒါ သားk pay သုံးမယ်နော် "

"အင်း မှာလိုက် ကလေး ပိုက်ဆံမသုံးနဲ့ ကိုကိုပိုက်ဆံပေးမယ် "

He is my Light Where stories live. Discover now