ပြန်လာတဲ့လမ်းတစ်ရှောက် ခငယ်က အိပ်ပြီးပါလာခဲ့သည်။ အဲ့တော့လဲ အခန်းထဲ ထိပွေ့ခေါ်လာရတော့သည်။ရှင်းသန့်တစ်ယောက်အခန်းထဲရောက်တော့
"ဦးး သားဒီအဖွဲ့ ထဲကထွက်လို့ရမလားဟင်"
"ဘာလို့လဲ "
"......"
"ကိုယ်အစ ကတည်းကပြောခဲ့တယ်မလားရှင်းလေး မဝင်နဲ့လို့ အခုစိတ်မပါဘူးမလား ကိုယ်စိတ်မပါတာကိုမလုက်ဖို့ကိုယ်တားတယ် အတင်းစိတ်ကိုမထိန်းချုပ်နဲ့ အခုတစ့ကယ်ထွက်ချင်တာလား"
"ဟုတ်ကဲ့ ဦးး"
"အစကတည်းက မင်းဖောင်ကိုလက်မခံ ခဲ့ဖူးရှင်းလေး မင်းရဲ့မပြတ်သားတဲ့စိတ်တွေကြောင့်ပဲ"
"ဟင် အဲ့ဆို သား ဘာလို့ဝင်လို့ရတာလဲ "
"ဒီ အဖွဲ အစည်းက သူရိနိ့အဖေ ကိုယ်တိုင်တည်ထောင်ထားတာ ကိုယ့် မင်းအကြောင်းကို ဦးလေးကိုပြောထားပြီးသားအဲ့ကြောင့်မင်းဖောင်က ကိုယ့်လက်ထဲမှာပဲရှိသေးတယ် တစ်နေ့မင်းဆီက ဒီလိုစကားကြားရမယ်ဆိုတာသိတယ် ရှင်းလေးတတ်ချင်တဲ့ ကွန်ပြူတာသိပ္ပံ ကျောင်းတတ် ကိုယ်အပ်ပေးထားပြီးပြီ "
"ဦးက လုံးဝ အကွက်ကြတယ် "
"အင်း အခု အိပ်တောလ မနက်ကြရင် လရောင်နဲ့ထမင်းအတူစားပေး ကိုယ်တို့ Mission တစ်ခုရှိလို့ အစောကြီးသွားရမယ် ".
"ဟုတ်ကဲ် ဦး "ရှင်းသန့်လဲ ဘာမှမစဥ်းစားနေတော့ပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဘုန်းမြတ်လွန်းကတော့ mission, အတွက်အစည်းဝေးခန်းထဲထွက်ခဲ့သည်။ ခဏကြာအားလုံးလူစုံသွားတော့
"အခု mission က ဓားစားခံ လူနှစ်ယောက်ကိုသွားထုတ်ပေးရမှာ တည်နေရာက မြို့ပြင်က ဂိုထောင်ဟောင်းတစ်ခုပဲ........."
အစည်းဝေးပြီးတော့ အားလုံးပြင်ဆင်စရာရှိတာပြင်ဆင်ရတော့သည်။ အားလုံးသွားရမှာမို့ မဟာလဲပါပေသည်။ အခု mission က နယ်မြေနှစ်ခုကြားထဲမှာဆိုတော့ အခန့်မသင့်ရင်စစ်ပွဲပါဖြစ်နိုင်တာကြောင့် ဆရာဝန်တွေပါခေါ်သွားရသည်။ ကြာချိန်က အလွယ်တကူဝင်နိုင်ရင် တစ်ရက်နဲ့ပြီးပေမယ့်မဝင်နိုင်ရင်တော့ နှစ်ရက်သုံးရက်ကြာမည်ဖြစ်သည်။သူရိန်တစ်ယောက်လိုအပ်တာများကိုသိမ်းနေရင် ခငယ်ကို ကြည့်လိုက်မိသည်။ နိုးရမလား မနိုးရမလား ဝေခွဲမရ မနိုးဘဲထားခဲ့ရင်လဲ သူစိတ်မကောင်းဖြစ်မှာကြောက်ရသည်။ ခငယ် အိပ်နေရင်ရေဆာလို့နိုးလာတော့ ဘေးမှာကိုကိုက ခေါင်းငုံ့ပြီးထိုင်နေသည်။
YOU ARE READING
He is my Light
Paranormal#15.3.2022 ရေးအသားညံ့လို့သည်းခံပီးဖတ်ပေးကြပါဗျ Comment နဲ့ review လေးတွေလည်းလိုချင်မိတယ် Voteလေးလည်းပေးကြပါ အခုမှစရေးတာမို့အမှားပါရင်လည်းခွင့်လွှတ်ပေးကြပါ. စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့ နားလည်ပေးကြပါ ဇာတ်လမ်းထဲမှာပါတာက Type 3မျိုးမတူအောင်ရေးထားတာပါ r...