Part 9

1.1K 41 4
                                    

လရောင်လဲ ရှင်းသန့်ကိုအအေးဝယ်တိုက်ကာ နှစ်ယောက်သား စားချင်တဲ့မုန့်များပါဝယ်လာကြသည်။ ပြီးတော့ လရောင်က ရေချိုးကာ ရှင်းသနိ့အခန်းထဲ ရောက်လာသည်။
ရှင်းသန့်နဲ့လရောင် စားချင်တဲ့ မုန့်များကိုစာပွဲ ပေါ်တင်လိုက်သည်။ ​ပြီးတော့ Tv ဖွင့်ကြည့်လိုက်ကြသည်။

"ဒေါက်...ဒေါက် သားငယ် သားရှင်းသန့် "

"လာပြီ ဦးဖေဖေ "

လရောင်တို့ မုန့်စားရုပ်ရှင်ကြည့်နေရင်း တံခါးခေါက်တော့ ဖွင့်လိုက်သည်။

"ကလေးနှစ်ယောက် ဘာတွေခိုးစားနေတာလဲ "

"မစားပါဘူး ဦးဖေဖေရဲ့ "

"အင်း အင်း မတည့်တာမစားနဲ့နော် အဆင်ပြေလား လာကြည့်တာ ထမင်းကိုသွားစားအုန်းနော် "

"ဟုတ်ကဲ့ ဦးဖေဖေ သားတို့အဆင်ပြေ ပါတယ် "

"ဟုတ်ပြီ အဲ့ဆိုဖေဖေ သွားအုန်းမယ်နော် "

"ဟုတ် "

ဦဖေဖေ ထွက်သွားတော့ ပြုတ်ထားတဲ့ခေါက်ဆွဲကရသွားသည်။ နှစ်ယောက်သား စားချင်တာကိုထည့်စားပြီးအိပ်လိုက်ကြတော့သည်။ ညရောက်တော့

"ရှင်းသန့် ငါ ဗိုက်ဆာတယ် "

"ခုက ညမိုးချုပ်နေပြီကို အကုန်လုံးအိပ်နေလောက်ပြီ "

"မုန့်လေးတစ်ထုတ်တောင်မရှိတော့ဘူးလား"

"မရှိတော့ဘူး "

လရောင်လဲစိတ်ညစ်ညစ်နဲ့ လိုင်းဖွင့်ပြီး တတ်လိုက်တော့

Sai::မအိပ်သေးဘူးလား Moon

La::ဗိုက်ဆာလာလို့နိုးလာတာ

Sai::ဘာစားချင်လဲ ဝယ်ပြီးလာပ်ို့မယ်လေ

La::တကယ်ကြီးလား အားနာစရာကြီး

Sai::တကယ်ပြောတာ ဘာစာမှာလဲ

La::ကြေးအိုးသောက်မယ် နှစ်ပွဲ

Sai: :ok နောက် နာရီဝက်နေရင်ဖုန်းဆက်လိုက်မယ်

"ရှင်းသနိ့ရေ ကြေးအိုးသောက်မယ်မလား ငါမှာလိုက်တယ် "

"ဘယ်သူ့မှာတာလဲ "

"ကိုစိုင်း ကို သူကလာပို့ပေးမယ်တဲ့"

"ဟုတ်လို့လားကွာ "

He is my Light Dove le storie prendono vita. Scoprilo ora