စိုင်းစစ်ခမ်း. ပါးပါးဆီကထွက်လာပြီ အခန်းထဲဝင်လိုက်သည်။ မူနေလိုက်တာ သူ့ယောကျာ်းစိတ်မပူတာလဲမဟုတ်ပဲ စိတ်ပူနေရက်နဲ့ အရင်အိမ်မှာမနေပဲကွန်ဒိုမှာနေနေတာဖြစ်သည်။ တစ်နေ့တစ်နေ့ အပေါ်ကနေ မှန်ဘီလူးနဲ့အဝင်အထွက်ကိုချောင်းနေတာသိသားပဲ မပြောချင်လို့သာ ငြိမ်နေချင်းဖြစ်သည်။
"Rain,ကျနော့ကို ရေခဲမုန်ြလေးဝယ်ပေးပါအုန်းဝယ်ဖို့မေ့လာလို့ "
"ဘာအရသာစားမလဲ စစ် "
"ဗန်နီလာနဲ့ချောကလပ် "
"Hoke အခုပဲ ဝယ်ပေးပါ့မယ် "
Rain ထွက်သွားတော့မှ စိုင်းစစ်ခမ်းလဲရေချိုးခန်းထဲဝင်သွားသည်။ မဝင်ခင်သူစားနေကြမုန့်ပါဝယ်လာဖို့စာပို့လိုက်သည်။
ဒါကတော့ ဒီလိုရှိတယ်ပေါ့နော်
ရှင်းသန့်ဆီဖုန်းဆက်ပြီးလရောင်အကြောင်းမေးတော့ လရောင်အဆင်ပြေကာသက်သာကြောင်းပြောသည်။နေမင်းသူရိန်တို့ ဓားစားခံကိုပြန်လွှတ်ဖို့အတွက်အပေးအယူလုပ်ကာညှိနှိုင်းသော်လဲမရတာကြောင့် အချိန်တွေကြန့်ကြာနေသည်။ အချိန်တွေလဲရွှေ့ကာ တစ်ရက်တစ်ရက်နဲ့ကြာနေပြီဖြစ်သည်။ အမှန်တော့ အမြန်ပြီးရမယိ့ကိစ္စကိုအချိန်ဆွဲနေတော့စိတ်ကမရှည်ချေ ။ အထက်ကလဲ နောက်တစ်ရက်နှစ်ရက်မှ မရရင် အထဲဝင်ပြီးဓားစားခံတွေကိုခေါ်ရတော့မည်ဖြစ်သည်။ အကုန်ပြင်ဆက်ပြီးသားမို့စိတ်မပူပေမယ့် တစ်ဖက်ကခေါင်းဆောင်ကိုအရှင်ဖမ်းရမည်လို့အမိန်ပေးထားသောကြောငိ့ ခေါင်းဆောင်ကိုလဲဖမ်းဖို့ရှိသည်။
လိုင်းသိပ်မမိတဲ့နေရာကိုရောက်နေတာကြောင့် ခဏတာပဲ စကားပြောရသည်။ ခငယ်ကိုလဲလွမ်းနေပြီလေ နေရောကောင့်ပါ့မလားမသိဘူးကလေးက သူ့အကြာကြီးပစ်ထားလို့စိတ်ကောက်နေမလားလို့ပေါ့ ။ တာဝန်တွေကလဲနေစဥ်မပျက်စောင့်ကြည့်နေရတာကြောင့်မအားပေ ဓန နဲ့မဟာကတော့ အမြဲ ရန်ဖြစ်နေသည်။
"မင်း ငါစကားဘာလို့နားမထောင်တာလဲမဟာ "
"ငါနားထောင်တယ်လေ "
"ဘယ်မှာနားထောင်တာလဲ ငါကဒီမှာနေဆိုမင်းကဟိုရောက်သွားတယ် ကော်ဖီမသောက်နဲ့ဆိုသောက်တယ် ဘယ်မှာလဲစကားနားထောင်တာ ဘာလဲငါက ဒီမှာမင်းကိုမရိုက်ဘူးထင်နေတာလား "
YOU ARE READING
He is my Light
Paranormal#15.3.2022 ရေးအသားညံ့လို့သည်းခံပီးဖတ်ပေးကြပါဗျ Comment နဲ့ review လေးတွေလည်းလိုချင်မိတယ် Voteလေးလည်းပေးကြပါ အခုမှစရေးတာမို့အမှားပါရင်လည်းခွင့်လွှတ်ပေးကြပါ. စိတ်ကူးယဉ် ဇာတ်လမ်းလေးမို့ နားလည်ပေးကြပါ ဇာတ်လမ်းထဲမှာပါတာက Type 3မျိုးမတူအောင်ရေးထားတာပါ r...