Part 6

1K 41 2
                                    

နေမင်းသူရိန် တစ်ယောက်လရောင်လိုအပ်တာယူပြီးကျောင်းပို့ဖို့အတွက်ပြင်ဆင်ပေးလိုက်သည်။ ခဏကြာတော့ ရှင်းသန့်နဲ့အတူ ထွက်လာတဲ့အကောင်ပေါက်လေး ကျောင်းအကျီကိုသေသေ သပ်သပ်ဝတ်ထားပေမယ့် သူ့ပုံစံကတော့ လုံးဝကို cute ဖြစ်နေတယ် ။

"ခငယ် အမြန်လာလေ ကျောင်းနောက်ကျနေမယ်နော် "

"ခဏပါ ကိုကိုကလည်း သား ရှင်းသန့်နဲ့ စကား​ပြောအုန်းမလို့"

"ပြန်လာရင်ပြောလို့ရတာပဲကို ရှင်းသန့်က ထွက်မပြေးမဘူး"

"ပြီးရောဗျာ ဟေ့ယောင်ငါသွားပြီ ပြန်လာမှ အဲ့အကြောင်းဆက်ပြောမယ် "

ဆိုကာ နေမင်းသူရိန်ကိုမျက်စောင်းထိုးပြီးကားပေါ်တတ်သွားတော့သည်။ နေမင်းသူရိန်လဲ ကလေးငယ်ကိုကြည့်ကာ ခေါင်းခါလိုက်မိသည်။

"ညီတို့ဘာတွေ အဲ့လောက်ပြောနေတာလဲ "

"ဂိမ်းအကြောင်းပါအစ်ကို သူ ml တိုက်တာကိုပြောနေတာပါ"

"Aww"

"ကိုကိုအမြန်လာလေ ပြောတော့နောက်ကျနေပြီဆို "

နေမင်းသူရိန် ကိုကားမှန်ဖွင့်ကာစူပုပ်ပုပ်နဲ့ ပြော လာတဲ့ကောင်လေးကြောင့် ကား​ဆီကိုအမြန်သွားရတော့သည်။ ကားပေါ်ရောက်တော့ ကလေးငယ်က နှုတ်ခမ်းဆူ ထားသည်။

"ကလေးရေ ကိုကို့ ကားမှန်ပေါက်မယ်နော့ "

"ဘာဆိုင်လို့လဲ "

"ကလေးနှုတ်ခမ်းဆူထားလို့လေ"

"လာမပြောနဲ့ "

ဆိုကာ တစ်ဖက်ကိုလှည့်သွားလေသည်။ ကလေးငယ်စိတ်ဆိုးသွားပြီဆိုတာ နေမင်းသူရိန်သိသည်။

"ဝက်ပေါက်တစ်ကောင်က စိတ်ဆိုးနေတယ်ဆိုတော့ ဒီည Night Out ကို တစ်ယောက်ထဲသွားရတော့မှာပေါ့ "

နေမင်းသူရိန်ပြောတဲ့စကားကြောင့်ဘေးက ကလေးက အမူအယာပြောင်းသွားတော့သည်။

"ဒီည တကယ် Night Out ထွက်မှာလား"

"အင်းလေ ခငယ်စိတ်ဆိုးနေတော့ အလိုက်နဲ့တော့လေ ရှင်းသန့်တို့ကိုပဲခေါ်သွားမယ်"

"သားလဲလိုက်မယ်လေနော် "

"ခငယ်စိတ်ဆိုးနေတယ်လေ"

He is my Light Where stories live. Discover now