Part 4

1.9K 81 17
                                    

ခငယ်နိုးလာပြီးမကြာ ဘုန်းမြတ်လွန်း ဆန်ပြုတ်ဝယ်ပြီးပြန်လာခဲ့သည်။ ထိုချိန် ရှင်းသန့်ပါနိုး​လာသည်။ ကုတင်ပေါ်မှာလှဲနေတဲ့ခငယ်ကို သူရိန် မျက်နှာကိုသန့်ရှင်းပေးနေသည်။
"လရောင် မင်းသက်သာလား"စကားထက်လူကအရင်ရောက်လာသည့်မို့
"ရှင်းသန့် မင်ရောအဆင်ပြေလား "
"Ommm,, မင်း သတိလစ်သွားလို့ ငါတောင်ဘာလုပ်ရမှန်းမသိပဲကြောင်သွားသေးတယ် အခုမင်းအဆင်ပြေတော့ငါဝမ်းသာတယ်"
လရောင်နဲ့ရှင်းသန့်စကားပြောနေချိန်ဘုန်းမြတ်လွန်းက ဆန်ပြုတ်ပန်ကန်ကိုင်ပြီးဝင်လာခဲ့သည်။
"ကဲ ရှင်းသန့် ကိုယ့်နေရာကိုယ်လာပြီးဆန်ပြုတ် လာစားတော့ "
"ဟုတ်ကဲ့ ဦး"
ဘုန်းမြတ်လွန်းခေါ်တော့အပြေးသွား​ကာ ဆန်ပြုတ်သောက်နေတဲ့ရှင့းသန့်ကိုကြည့်ကာ ခေါင်းခါမိသည်။
"ကဲ ခငယ် ကလေးလဲဆန်ပြုတ်သောက်ပြီး ဆေးသောက်ရမယ်"
"ကိုကိုခွံ ကျွေးပါလား သားလက်နာနေလို့ နော်ကိုကို...."
အဆိုးလေး သူ့ကိုချွဲနေတာ
"ဟုတ်ပါပြီဗျာ တကယ့်အချွဲလေး ပြီးရင်ဆေးသောက်ရမှာနော်"
"Hoke ကိုကို".
လရောင်နဲ့သူရိန်ကိုကြည့်ပြီး ဘုန်းမြတ်လွန်းပြုံးမိသည်။ ရှင်သန့်ကိုပြန်ကြည့်ကာ တွေးမိသည်။
'လရောင်နဲ့ရှင်းသန့်နဲ့က ရွယ်တူဆိုပေမယ် လရောင်က ကလေးဆန်တယ် ချွဲတတ်တယ် ရှင်းလေးကကြတော့ ကလေးဆိုပေမယ့် လူကြီးဆန်တဲ့ပုံစံပဲအမြဲလုပ် တတ်သည်။ သူကြောင့်ဆိုတာလဲသိသည်။ သူသာ လွတ်လပ်ခွင်​့ပေးရင် လရောင်လိုပဲ ချွဲတတ်မလားမသိပေ "
ရှင်းသန့်ဆန်ပြုတ်သောက်ပြီး ဆေးပါတစ်ခါတည်းသောက်လိုက်သည်။
ခဏကြာတော့မဟာပြန်ရောက်လာကာ ရှင်းသန့်ရော လရောင်ကိုပါစမ်းသပ်ပေးလိုက်သည်။
"ရှင်းသန့် က ဆေးသေချာသောက် ရင်ရပီ
လရောင်က အဖျားနည်းနည်းကျန်သေးတယ်ပြီးတော့ဆေးလည်းသွင်းရအုန်းမှာမို့ ဒီမှာနေအုန်းနော်"
"အစ်ကိုမဟာ သားကိုကို့အခန်းထဲမှာပဲနေပြီးဆေးသွင်းလို့ရမလား "
"ရ​တာပေါ့ ရှင်းသန့်က ပြန်လို့ရပီနော်"
"ဟို အစ်ကို ဓန "ဘေးမှာရပ်ပြီးကိုကိုတို့နဲ့စကားပြောနေတဲ့ အစ်ကိုဓနကို လရောင်ခေါ်လိုက်တော့ အစ်ကိုကလှည့်ကြည့်လာသည်။
"လရောင် ဘာပြောမလို့လဲ "
"ဟို အစ်ကိုမဟာက်ိုအရမ်း မရိုက်ပါနဲ့ နော် သားတောင်းပန်ပါတယ် သားစားချင်တယ်ပြောလို့ အစ်ကိုကလုပ်ကျွေးတာပါ"
"အင်း လရောင်သာနေကောင်းအောင်နေနော်"
"Hoke အစ်ကိုဓန "
ပြီးတော့ ရှင်းသန့်နဲ့ ဘုန်းမြတ်လွန်း ကအခန်းကိုအရင်ပြန်သွားသည်။ သူရိန်က လရောင်ကိုပွေ့ချီရင်းအခန်းထဲခေါ်လာသည်။ မဟာနဲ့ဓနပါလိုက်လာကာ မဟာက လရောင်အတွက်ဆေးသွင်းပေးပြီး နှစ်ယောက်လုံးပြန်သွားသည်။ ရှင်းသန့်အခန်းထဲရောက်တော့
"ရှင်းသန့် "
"ဗျာ ဦး "
"ကိုယ့်အပြစ်ကို ကိုယ်သိလား "
"ဟုတ်ကဲ့ဦး ကျနော်သိပါတယ်"
"ပြော ဘာအပြစ်လုပ်ထားလဲ "
"ဦးမစားခိုင်းတဲ့ spicy ကိုကျနော် စားမိပါတယ် "
"အင်းပြီးတော့ဘာဖြစ်လဲ ကိုယ်ဘာလို့ မစားခိုင်းလဲ သိတယ်မလား"
"ဟုတ် ကျနော်အစပ်နဲ့မတည့်လို့ပါ "
"သိရက် နဲ့လုပ်တယ်ဆိုတော့ အရမ်းတွေဆိုးနေပါလား ရှင်းသန့် ဟမ်..."
ဘုန်းမြတ်အေးဆေးပြောနေရာကနေလေသံမာလာတာကြောင့် ရှင်းသန့် ခေါင်းအောက်ငုံ့ သွားသည်။
"ကိုယ့်အပြစ်ကို ကိုယ်သိတော့ ဘာလုပ်ခံရမလဲ "
"အပြစ်ပေးခံရပါ့မယ် ဦး "
"အခန်း ထောင့်မှာ ထောင်ထားတဲ့ ကြိမ်လုံး ယူခဲ့ "
"ဟုတ်ကဲ့ ဦး "
အခန်းထောင့်က ကြိမ်လုံးကိုယူပြီး ဦးကိုပေးလိုက်သည်။
"ဒူးထောက် ရှင်းသန့် နောက်မစားရဲတော့အောင်လက်တွေကိုရိုက်မှာ လက်နှစ်ဖက်စလုံးဖြန့်ထား "
ရှင်းသန့် ဦးပြောတဲ့အတိုင်းလုပ်လိုက်သည်။
"ဖြန်း..ဖြန်း.....ဖြန်း...."
"လက်ကိုအောက်မကျစေနဲ့ရှင်းသန့် ကိုယ် ဆယ်ချက်ပဲရိုက်မှာ"
"ဟုတ်ကဲ့ ဦး"
သုံးချက်နဲ့တင် ရှင်းသန့်လက်က နီရဲပီးကျိန်းစပ်နေတော့သည်။ နောက် 7ချက်ကို ဘယ်လိုခံရမလဲမသိတော့ပေ။
"ဖြန်း....ဖြန်း....ဖြန်း....."
အမြန်ပြီးပါတော့ဆုတောင်းရင်း ကျိတ်ခံရတော့သည်။
ဆယ်ချက်ပြည့်တော့ ဘုန်းမြတ်လွန်းကြိမ်လုံးကိုချလိုက်သည်။ ခေါင်းငုံ့ကာ တရှုံရှုံ ငိုနေသော ကောင်လေးကိုကြည့်p ခေါင်းခါမိသည်။ လက်ကိုဆွဲယူကာ မလိုက်တော့ ပါလာတဲ့ကောင်လေးကိုကုတင်ပေါ်တင်ပေးပြီး လက်ကိုဆေးလိမ်းပေးလိုက်သည်။ ပြီးတော့ ခဏ အိပ်စေကာ ဘေးမှသူပါဝင်အိပ်လိုက်သည်။

He is my Light Where stories live. Discover now