Part 7

1K 48 3
                                    

ခငယ်ကို မုန့်ဝယ်ကျွေးပြီး စခန်းကိုပဲ ပြန်လာခဲ့သည် ကလေးငယ်က မုန့်စားပြီးစကားပြောရင်း အိပ်ပျော်နေပြီဖြစ်သည် အဲ့တော့အိပ်ပျော်နေတဲ့ကလေးကိုမနိုးတော့ဘဲ ချီပြီးအခန်းထဲ သိပ်လိုက်သူ နေမင်းသူရိန်လဲလုပ်စရာရှိတာလုပ်တော့သည်။

"ဦး ခဏနေ ကျနော် လရောင်နဲ့ဂိမ်းသွားဆော့လို့ရလား"

"အင်း တစ်နာရီအချိန်ရမယ် "

"ဦး တစ်နာရီထဲနဲ့ ဘယ်လိုကစားရမှာလဲ "

"အချိန်မလောက်ဘူးထင်ရင်မသွားနဲ့ရှင်းလေး ကိုယ်မနက်က လေ့လာခိုင်းတာတွေ သေချာလေ့လာရင် အချိန်တစ်ခုထိသွားခွင့်ပြုမယ် "

"ဟာ...ဦးက ညစ်​ပြီဗျာ အဲ့လိုမနက် ကတည်းက ပြောရင်ကျနော်သေခထာလုပ်မှာပေါ့ "

"အင်းအခုနောင်တ ရပြီမလား ဘယ်အရာမှကြိုတင်မှန်းဆလို့မရဘူး ဒီနေ့တစ်ရက်ခွင့်ပြုပေးမယ် နောက်နေ့တွေ ကိုယ်သက်မှတ်ထားတဲ့အထိ မရ ရင် ကိုယ့်အဆိုးမဆိုနဲ့ "

"ဟုတ်ကဲ့ ဦး တစ်နာရီအတွင်းပြန်လာရမှာမဟာတ်ဘူးမလား"

"အင်း"

"အဲ့ကြောင့် ဦးကိုချစ်တာ"

ဆိုကာဘုန်းမြတ်ပါးကိုနမ်းသွားသည်။ ဘုန်းမြတ်ရယ်မိသည်။ ဒါသူကလေးရဲ့ တစ်ခြားသူမမြင်နိုင်တဲ့ပုံစံလေး အဲ့လိုပဲ အမြဲနေပါလား ရှင်းလေးရယ်

မဟာဒီနေ့ တစ်ကယ် အလုပ်များနေ​သည်။ တစ်လ တစ်ခါ ဆေးစစ်ပေးသည့်နေ့မို့အလုပ်ရှုပ်နေသည်။ဓနလဲ သူ့ train ပေးရတဲ့​ကလေးတွေနဲ့ရှုပ်​နေသည်။ ညနေ ထမင်းစားချိန်ရောက်မှ ပဲ တစ်ယောက်နဲ်တစ်ယောက်ဆုံဖြစ်တော့သည်။ လရောင်နဲ့ရှင်းသန်​့ ထမင်းစားဖို​့ထွက်လာသော်လဲ နှစ်ယောက်စလုံးရဲ့စိတ်က ဂိမ်းဆီပဲအာရုံရှိနေသည်။ ဂိမ်းဆော့ရင်းပတ်ဝန်းကျင်ကိုမေ့နေတဲ့နှစ်ယောက်ကြောင်​့ ဘုန်းမြတ်လွန်းအလိုမကျပေ

"ကလေးနှစ်ယောက် အစာ စားမှာသေချာစားလေ အဲ့ဖုန်းတွေချတော့ "

"ဟုတ်ကဲ့ ဦး"

"ဟုတ်ကဲ့ အစ်ကို ဘုန်းမြတ်"

လို့သာ ပါးစပ်ကပြောသော်လဲ လက်ကတော့ မချပေ ဘုန်းမြတ်လွန်းသက်ပြင်ချမိသည်။

He is my Light Tempat cerita menjadi hidup. Temukan sekarang