Part 1

3.1K 86 13
                                    

အထူးရဲတပ်ဖွဲ့ဆိုတဲ့စာကိုဖတ်ရင်း
လ​ရောင်ခအထဲကိုဝင်ရမလားမဝင်ရမလားကို
ဝေခွဲမရဖြစ်နေသည်။​
နောက်ဆုံးမထူးတော့ဘူးဆိုကာဝင်ရန်
ဆုံးဖြတ်လိုက်သည်။

အထဲဝင်ရန်ဂိတ်ရောက်တော့
'ဘယ်သူနဲ့တွေ့ချင်လို့လဲ'
'နေမင်းသူရိန်နဲ့တွေ့ချင်လို့ပါ'
'အကြောင်းကြားပေးပါမယ်ခဏစောင့်ပါ'ဆိုကာစကားပြောစက်နဲ့ပြောနေသည်။

လရောင်ခလည်းဖြစ်ချင်ရာဖြစ်ဆိုပြီးလုပ်မိတာအမှန်တကယ်လန့်မိသည်။
ခဏကြာတော့ကိုကိုနေမင်းသူရိန်ရောက်လာသည်။အနားကိုရောက်လာကာ
'လိုက်ခဲ့'ဟုဆိုကာလက်ကိုအတင်းဆွဲသွားသည်။

အဆောင်ကိုရောက်တော့
ထိုင်တောင်မထိုင်ရသေးကိုကိုကမေးလေသည်။

'ဘာလို့လာတာလဲ'

'ဟိုဖေဖေလွှတ်လိုက်လို့ပါ'

'ဟုတ်လို့လားအမှန်တိုင်းဖြေ ခငယ်'

ကိုကိုကပြောရင်းဒေါသသံပါလာနာကြောင့်
လရောင်ခဘာပြောရမလဲမသိပေ
ခေါင်းကိုအောက်ငုံ့ထာမိသည်။​

နေမင်းသူရိန်ခေါင်းငုံ့နေတဲ့ကောင်လေးကို
ကိုကြည့်ပြီးသက်ပြင်းချမိသည်။
မနက်ကတည်းကအိမ်ကဖုန်းဆက်သည်။
လရောင်ခအိမ်ကနေထွက်သွားသည်တဲ့
ဒီနေ့ကဆယ်တန်းအောင်စာရင်းထွက်သည့်နေ့လဲဖြစ်သည်။
ကျရင်အိမ်ကနေအထုတ်ဆွဲပီးထွက်သွားဆိုသည့်လရောင်ခအဖေစကားကြောင့်ထွက်လာခဲ့သည်တဲ့

နေမင်းသူရိန်ရဲ့အိမ်ကိုမသွားပဲအဖွဲ့ဆီတန်းလာခဲ့သည်တဲ့ဘယ်လိုစိတ်ကူးနဲ့လာလဲမသိဘူးအချိန်အတော်ကြာခေါင်းကိုအောက်ငုံ့နေတာကြောင့်လရောင်ခငိုနေသည်ကိုသိလိုက်ရသည်။

'ကဲအငိုတိတ်တော့ဘာစားပြီးပြီလဲ ခငယ်'
သူ့အမေးကိုခေါင်းခါတာကြောင့်မနက်ကတည်းက
ဝယ့်ထားသည့်မု့န့်ကိုပေးလိုက်သည်။

'စား စားပြီးရင်အိမ်ပြန်ပို့ပေးမယ်'
ဆိုတော့စားလက်စပေါင်မုန့်ကိုမစားတော့ဘဲသူ့ကိုကြည့်နေတဲ့ကောင်လေးကြောင့်ပြုံးမိသည်။

'စတာ' လို့ပြန်ပြောမှစားတော့သည်။

စားပြီးခဏအိပ်စေကာအချိန်စာရင်းတွေကို
လုပ်ရတော့သည်။
နေမင်းသူရိန်အဖေဦးနေခန့်ကအထူးရဲတပ်ဖွဲ့ကိုဖွဲ့စည်းထားသူဖြစ်သည်။
နေမင်းသူရိန်သည်ဝါသနာပါ၍အထူးရဲတပ်ဖွဲ့ထဲ၌ခေါင်းဆောင်ဖြစ်လေသည်။
လရောင်ခကနေမင်းသူရိန်တို့နဲ့အိမ်ချင်းကပ်ရပ်ဖြစ်သလိုမိဘတွေကလည်းသူငယ်ချင်းများဖြစ်သောကြောင့်ငယ်ငယ်ကတည်းကသိခဲ့ကြသည်။
သူနဲ့လရောင်ခ ၈နှစ်ကွာသည်။
ငယ်ငယ်ကနေမင်းသူရိန်စာသင်ပေးရသည်။
အဖွဲ့ထဲဝင်ပြီးတော့မှလရောင်ခနဲ့သိပ်မတွေ့ဖြစ်ခြင်းဖြစ်သည်။

He is my Light Where stories live. Discover now