-Unicode-
အချစ်က ဆန်းကြယ်တယ်။ အချစ်ဆိုတာ ဘာလဲလို့ သေချာအဖြေရှာကြည့်ပြီး အဓိပ္ပါယ်မဖော်တတ်ခဲ့ပေမဲ့ ဘတ်ခ်ဟျွန်းနားလည်ထားတဲ့ အချစ်က ချန်းယောလ်ပဲ။ ချန်းယောလ်ကလည်း အချစ်လိုပဲ ဆန်းကြယ်တယ်။
"ဒီကောင်က ဘာလို့ ဒီအခန်းထဲ ရောက်နေပြန်ရတာလဲ "
အခန်း၀မှာ ရပ်နေရင်း မျက်ခုံးတွေ တွန့်ချိုးနေတဲ့ ဆယ်ဟွန်းရဲ့အကြည့်တွေက မီးသာတောက်မယ်ဆိုရင် ရှေ့ကလူပြာကျနေပြီဖြစ်သည်။
"အော် နှာဘူးကောင်ပဲ"
"ဘာ နှာဘူး မင်း..."
"ဆယ်ဟွန်း... ချန်းယောလ်... "
အခန်း၀ကနေ ဒေါသတကြီး ၀င်လာတဲ့သူကို ဆွဲတားရသလို ကုတင်ပေါ်မှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ချန်းယောလ်က်ုလည်း လှမ်းအော်ရသေးသည်။
"ငါက ဘာလို့ နှာဘူးဖြစ်ရမှာလဲ လူမှုရေးမသိတဲ့ကောင်ရဲ့ "
"နှာဘူးမလို့ နှာဘူးပြောတာ ငါလွန်လား "
"ဝါး တစ်ကယ့်ကောင်ပဲ မင်းက ငါ့အခန်းထဲလာပြီး ငါ့ကိုစော်ကားနေတာပဲ "
"ဘာလို့ မင်းအခန်းလဲ ငါထိုင်နေတာ ဘတ်ခ်ဟျွန်းအခြမ်းက ဘတ်ခ်ဟျွန်းရဲ့ကုတင်ပေါ်မှာပါ ဘယ်လိုလုပ် အခန်းကို တစ်ကောင်တည်း မောင်ပိုင်စီးချင်နေရတာလဲ "
သွေးတက်နေပြီဖြစ်တဲ့ ဆယ်ဟွန်းမှာ ဒေါသအထွက်လွန်ပြီး မျက်နှာကြီး နီရဲလာပြီဖြစ်သည်။
"ချန်းယောလ် ဘယ်လိုဖြစ်နေတာလဲ "
ဘတ်ခ်ဟျွန်းပြောတာကိုလည်း မကြားသလို ပြုမူနေတဲ့ ချန်းယောလ်ဟာ အိပ်ယာပေါ်ကို လှဲချကာ အေးဆေးစွာဖုန်းကည့်နေသေးသည်။
"အဲ့ဒါကြောင့် ငါ ခဏ ခဏ ပြောတာ မင်းဒီလိုကောင်နဲ့ ဘယ်လို သူငယ်ချင်းဖြစ်ပြီး ဘယ်လိုများသည်းခံနေနိုင်လဲ ဝါး စိတ်ကုန်စရာပဲ "
စိတ်တိုနေတဲ့ ဆယ်ဟွန်းက ဟိုထိုင်မလို ဒီထမလို ဖြစ်ပြီးမှ လွယ်အိတ်ကို ကုတင်ပေါ်ပစ်လွတ်ကာ စားပွဲပေါ်ချထားတဲ့ရေဘူးကို တဂွပ်ဂွပ် မော့သောက်သည်။ ဘာ၀င်ပြောရမှန်းမသိတဲ့ ဘတ်ခ်ဟျွန်းကတော့ စာကြည့်စားပွဲရှေ့က ထိုင်ခုံမှာပဲ ထိုင်နေမိသည်။ အမှန်တစ်ကယ်က ချန်းယောလ်ကသာ မဖိတ်ပဲရောက်လာတဲ့ ဧည့်သည်ဖြစ်သည်။
![](https://img.wattpad.com/cover/282594815-288-k728435.jpg)