Episode 7

138 14 3
                                    

-Unicode-

"ချန်းယောလ်လေးက ချစ်စရာကောင်းလိုက်တာ "

"ချန်းယောလ်လေးက အရမ်းတော်တာပဲ စိတ်ထားလေးလည်းကောင်းတယ် "

"ချန်းယောလ်လေးက လိမ္မာလိုက်တာ အတန်းထဲမှာ အမြဲတမ်း စာကြိုးစားတဲ့ကလေးလေး "

ပတ်ချန်းယောလ်အတွက် စသိတတ်ပါပြီဆိုကတည်းက အမြဲကြားခဲ့ရတဲ့စကားတွေ။ ချီးကျူးခံရတာ ကြိုက်တယ် အကောင်းမြင်ခံရတာ ကြိုက်တယ် အကြောင်းကြောင်းတွေကြောင့် ချန်းယောလ်ဟာ မိဘတွေ ဆရာသမားတွေ လူကြီးတွေကြားထဲမှာ အမြဲလိမ္မာတဲ့ကလေးလေးအနေနဲ့ပဲရှိခဲ့တာ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း အကုန်တည့်အောင်ပေါင်းနိုင်တာကိုတော့ တမင်လုပ်ယူတာမျိုးလည်းမဟုတ်ပဲ ဘယ်သူငယ်ချင်း အတန်းဖော်တွေနဲ့မှ အဆင်မပြေဖြစ်အောင် မနေချင်တဲ့စိတ်ကြောင့် အရာရာဟာ အဆင်ပြေသည်။ ချန်းယောလ်ရဲ့ မူပိုင် အပြုံးချိုချိုလေးကို အမြဲပြုံးရင်း သူငယ်ချင်းတွေနဲ့ စရင်းနှီးခဲ့တာက အမြဲလိုလို။ အကုန်လုံးကို ချုံငုံလိုက်ရင် ပတ်ချန်းယောလ်ဟာ လိမ္မာပြီး စိတ်ထားကောင်းတဲ့ ကလေးလေးဖြစ်သည်။

"ချန်းယောလ် ဟိုးနောက်နား လွတ်နေတဲ့ ခုံမှာ ၀င်ထိုင်လိုက်နော် "

ဆရာညွန်ပြတဲ့နေရာက မျက်လုံးမှေးမှေး အသားဖွေးဖွေးလေးနဲ့ကောင်လေးတစ်ယောက်ရဲ့ ဘေးခုံကို ဖြစ်သည်။ သူ့ခုံဘေးမှာ စထိုင်ပါပြီဆိုကတည်းက နှုတ်ဆက်တာကို မကြားသလိုမျိုး တစ်ဖက်ကိုသာ ငေးမောကြည့်နေပြီး ကိုယ့်ကို အဖက်မလုပ်သူ သူငယ်ချင်းအသစ်ကြောင့် စိတ်ထဲတွင်တော့ နေရတာ အဆင်မပြေပါ။ ဒါပေမဲ့လည်း ပတ်ချန်းယောလ်ဟာ သူငယ်ချင်းကောင်း လူကောင်းလေးဖြစ်ချင်သူမလို့ အားလျော့ရန်တော့ ဆုံးဖြတ်မထား။ ထပ်မံမိတ်ဆက်ခြင်းမှာ ချန်းယောလ်ရဲ့ အပိုင်နိုင်ဆုံး အပြုံးတွေကိုလည်း မမေ့စေရ။

"ဗြောင်ဘတ်ခ်ဟျွန်း "

တဲ့...။ သူငယ်ချင်းလုပ်ကြမယ်ဆိုတာကို ခေါင်းညိတ်ပြီးသာ အသိမှတ်ပြုတဲ့ အတန်းဖော်သူငယ်ချင်း အသစ်လေးဟာ အေးတိအေးစက်နိုင်လှသည်။ တစ်တန်းလုံးနဲ့ ခင်မင်နေတဲ့ ချန်းယောလ်ဟာ အတန်းဖော်တွေကြားမှာပါမက ဆရာ၊ဆရာမတွေကြားမှာပါ သွက်သွက်လက်လက် ထက်ထက်မြက်မြက် နေတတ်သူအဖြစ် နာမည်ကြီးသည်။ ချန်းယောလ်ဟာ အခုချိန်မာ သွက်လက်တာတွေ ထက်မြက်တာတွေ ဘယ်သူတွေဘာပြောတာထက် ဘေးခုံက သူငယ်ချင်းလေး သူ့ကို တခြားသူတွေလို ခင်မင်လာဖို့အ‌ရေးသာ ပထမဖြစ်သည်။ ချန်းယောလ်အတွက် လစ်လျူရှူခံရခြင်းဆိုတာ ဒီသူငယ်ချင်းအေးတိအေးစက်‌နဲ့မှ ပထမဆုံးကြုံဖူးတာဖြစ်သည်။ မျက်လုံးမှေးမှေး အသားဖွေးဖွေးနဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးနဲ့သာ ရင်းနှီးမလာသေးတာ သူ့ရဲ့ တခြားအခန်းက သူငယ်ချင်းတွေနဲ့တောင် ရင်းနှီးနေပြီဖြစ်တာကြောင့် ချန်းယောလ်မနေနိုင်တော့။ အခုချိန်ခံစားချက်က တစ်ခုခုမှာ နောက်ကျကျန်ခဲ့သလိုမျိုး၊ စာကြိုးစားခဲ့ပေမဲ့ ရလဒ်ကောင်းမရသလိုမျိုး ဖြစ်နေသည်။ အကြံကုန်ထုတ်မိထုတ်ရာ လုပ်မိတာက အားကစားချိန် နှစ်ယောက် ယှဉ်ပြေးချိန်မှာ အလျော့ပေးမိခဲ့ခြင်းဖြစ်သည်။

Out Of BlueOnde histórias criam vida. Descubra agora