Episode 2

133 22 6
                                    

-Unicode-

ရင်ဘတ်ထဲက တင်းကြပ်ပူလောင်နေတာက လည်ပင်းမှာ တစ်ဆို့ပြီး ပွင့်အန်ထွက်လာတော့မလို့ ခံစားနေရသည်။ ချောင်းတွေ တရစပ်ဆိုးလာပြီး ပျို့အန်ချင်လာတဲ့ အခြေနေကြောင့် ရေချိုးခန်းထဲ အလျင်မြန်ပြေးသွားပြီး ဘေစင်ရှေ့ရောက်လျင်ရောက်ချင်းမှာပဲ လည်ပင်းမှာတစ်ဆို့နေတာက ချက်ချင်း အန်ထွက်လာသည်။

အန်ထွက်လာတာက တခြားမဟုတ်ပဲ ပန်းရောင်ဖျော့ဖျော့ ပွင့်ဖတ်တွေဖြစ်နေတဲ့အခါ အံ့ဩစိတ်နဲ့ ကြောင်တောင်တောင်ရပ်မိနေသည်။ မှန်ထဲက ကိုယ့်ကိုယ်ကို သေချာကြည့်နေမိရင်းရင်ဘတ်တွေ တင်းကျပ်လာတာနဲ့အမျှ  လည်ပင်းမှာ တစ်ဆို့လာတဲ့ ခံစားမှုက ထပ်ဖြစ်လာပြီး လည်ချောင်းတွေနာကျင်လာပြန်သည်။

နာကျင်မှုကို အန်ထုတ်လိုက်တာနဲ့ ဘေစင်ထဲမှာ ပန်းရောင်ပွင့်ဖတ်တွေ ဖွေးခနဲ ထပ်ပြီး ပြည့်နှက်သွားပြန်သည်။

ဒီတစ်ခေါက်မှာတော့ သွေးစတွေ အနည်းငယ်ရောနေသည်။ လည်ချောင်းတွေမွန်စပ်နေတာကို အသာထားကာ ပွင့်ဖတ်တွေက လှလွန်းလို့ ကိုယ့်ခန္ဓာကိုယ်ထဲက အန်ထွက်လာတာတွေမှ ဟုတ်ရဲ့လားဆိုပြီး လည်ပင်းနဲ့ ရင်ဘတ်ကို ယောင်တောင်တောင်စမ်းရင်း ကြောင်အနေမိသညိ။

ပန်းပွင့်တွေအန်ထွက်လာတဲ့ရောဂါက တစ်မျိုးပဲရှိသည်။ Hanahaki Disease (Flower Vomiting Disease )။

တစ်ဖတ်သတ်ချစ်ခြင်းတွေ မပြည့်စုံနိုင်တဲ့ ချစ်ခြင်းတွေ ပြင်းထန်လာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဆိုတာကို ဘတ်ခ်ဟျွန်းစူးစမ်းချင်စိတ်နဲ့ သိချင်လို့ ရှာဖတ်ဖူးသည်။ချစ်ခြင်းဆိုတဲ့စကားလုံးနောက်မှာ အမြင်အာရုံထဲပေါ်လာတဲ့ ပါးချိုင့်ရေးရေး ကို မြင်ယောင်မိလာတော့ ပြုံးမိတာက ရင်နာနာနဲ့။ ချန်းယောလ်ဟာ ဘတ်ခ်ဟျွန်းကို သိပ်စိုးမိုးနိုင်လွန်းသည်။

ဘယ်လိုလုပ်မလဲ...ဒီရောဂါဟာ မပျောက်နိုင်တော့ဘူး။ တစ်ဖတ်သတ်အချစ်တွေမဟုတ်တော့ပဲ ပြန်လည်အချစ်ခံရမှ ပျောက်မဲ့ ရောဂါက ဘတ်ခ်ဟျွန်းအတွက် မပျောက်နိုင်တော့မဲ့ ရောဂါတစ်ခုဖြစ်တာ သေချာနေသည်။

Out Of BlueWhere stories live. Discover now