-zawgyi-
ချစ်သူ သမီးရည်းစားတွေကြားမှာ လုံလောက်တဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ သ၀န်တို မယုံကြည်ခြင်းတွေလား၊ အချစ်လွန် ချုပ်ချယ်မိတာတွေလား ဒါမှမဟုတ် အချစ်လျော့ ဂရုစိုက်ပေါ့လျော့တာတွေလား ၊ပျင်းရိငြီးငွေ့တာတွေလား၊ သစ္စာပျက် ဖောက်ပြားတာတွေလား အမျိုးမျိုးရှိကောင်းရှိလိမ့်မယ်။ ချစ်ကြပြီဆိုမှတော့ ညှိယူပြီး နားလည်မှုတည်ဆောက်ရမှာတွေ အပြန်လှန်လေးစားချစ်ခင် ယုံကြည်တာတွေ စတာတွေက တာဝန်တစ်ရပ်ဆိုပြီး သတ်မှတ်မထားကြပေမဲ့ လူကျင့်ဝတ်နဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်တယ်။ သံယောဇဉ်တွေ မြဲမြံနေကာမှ ခွဲခွာကြရရင် နာကျင်ရမှာက အနည်းအများသာ ကွာလိမ့်မည်။
နှစ်ကုန်စာမေးပွဲနီးလာသည့်အလျောက် စာနဲ့မျက်နှာ မခွာပဲ ကြိုးစားကြည့်ရမည့်အချိန်မှာ အသဲကွဲနေသူတစ်ယောက်ကို ဘတ်ခ်ဟျွန်း စာတစ်ဖက်နှင့် ကြည့်ရှု့နေရသည်။
"ဆယ်ဟွန်း မင်း အဲ့လိုကြီး နေလို့ အဆင်မပြေဘူးလေ စာလည်းမကြည့်ဘူး အခုပုံစံနဲ့ ဘယ်လိုလုပ်မှာလဲ စာမေးပွဲရှိတာလည်းတွေးပါဦး "
အမေးသာရှိပြီး အဖြေပြန်ရှိမလာခဲ့ဘူး။ တိတ်ဆိတ်နေသူက ကုတင်ပေါ်မှာ ဘေးစောင်းလှဲကာ စက်ပိတ်ထားတဲ့ ဖုန်းတစ်လုံးဆီကို အခေါ်မပြက်ဘူး။ မျက်လုံးတွေကလည်း ညကတစ်ညလုံးငိုထားတဲ့အရှိန်နဲ့ နီရဲဖောင်းကားနေတဲ့အပြင် ဆံပင်တွေကလည်း ဖရိုဖရဲနဲ့ ကြည့်ရအဆင်မပြေဖြစ်နေသည်။ စာမေးပွဲဖြေဖို့ တစ်ပတ်တောင် မလိုတော့တဲ့အနေအထားမှာ အခုလို ဖြစ်ပျက်သွားတာတွေကြောင့် စိတ်မကောင်းပေမဲ့လည်း ယခုကဲ့သို့ပြုမူနေတာကိုတော့ ဘတ်ခ်ဟျွန်းခွင့်မပြုနိုင်ပါ။
" ငါပြောတာ ကြားလား ဆယ်ဟွန်း..."
ရှိုက်သံတစ်ချက်ထွက်လာပြီးနောက် ဆွဲယူခြုံလိုက်တဲ့ စောင်ပုံကြီးရယ်နဲ့ အခန်းတွင်းက တိတ်ဆိတ်သွားသည်။ ဆယ်ဟွန်းတို့ ပြဿနာအကြောင်းအရင်း အဓိကမှာ ဆယ်ဟွန်းရဲ့ သဝန်တိုမှုက အစွန်းရောက်သွားခဲ့ပြီး အစ်ကိုမင်ဆော့က ခါးခါးသီး လမ်းခွဲမယ်ပြောပြီး ရှောင်နေသည်ဟုသာ ဆယ်ဟွန်းပြောပြသလောက် အကြမ်းဖျင်းသိထားသည်။
![](https://img.wattpad.com/cover/282594815-288-k728435.jpg)