-Unicode-
"ငိုလို့ ၀ပြီလား "
"..."
"ဘတ်ခ်ဟျွန်းနီး..."
"..."
အဆောင်ရှေ့မှာရှိတဲ့ လမ်းရဲ့ ခုံတမ်းလေးပေါ်မှာ ထိုင်နေကြခြင်းဖြစ်သည်။ ငိုနေခဲ့တဲ့ ဘတ်ခ်ဟျွန်းဟာ ငိုနေတာ အသံမထွက်သော်လည်း မျက်ရည်ကျနေတာ မရပ်သေးတာမလို့ ချန်းယောလ် အသာပဲ ငြိမ်နေပေးလိုက်သည်။
အခုက ငါတို့က ဘာတွေဖြစ်သွားပြီလဲ ဆိုတဲ့ အတွေးကတော့ ချန်းယောလ်ခေါင်းထဲမှာ ဆူညံနေပြီဖြစ်သည်။ ချစ်တယ်ဖွင့်ဟ၀န်ခံခဲ့တာဖြစ်နေပေမဲ့ တိကျတဲ့ အဖြေက မရရှိသေးပေ။
"ငါ..."
အချိန်အတော်ကြာမှ အသံလေးတစ်စွန်းတစ်ထွက်လာခဲ့တဲ့သူဟာ အင်္ကျီလက်တွေနဲ့ မျက်ရည်သုတ်ရင်း...
"ငါ... ငါထင်ခဲ့တာက မင်းနဲ့ အဆင်မပြေတော့ဘူး ဘယ်တော့မှစကားမပြောရတော့ဘူးထင်ခဲ့တာ "
"ဘတ်ခ်ဟျွန်းနီးရယ်..."
"ငါက မင်းကို ငိုအောင်လုပ်ခဲ့တာလေ ငါက မုန်းစရာကောင်းတယ်မလားဟင် ချန်းယောလ်လီ "
မျက်တောင်တိုစိတ်စိတ်တွေမှာ တင်ကျန်ဆဲဖြစ်တဲ့ မျက်ရည်စတွေက လမ်းမီးရောင်အောက်မှာ တလက်လက်ဖြစ်နေသည်။
"ဟင့်အင်း... မမုန်းပါဘူး ဘတ်ခ်ဟျွန်းနီးရဲ့ ဒါပေမဲ့ တော်တော်တော့ ၀မ်းနည်းခဲ့တာ "
"၀မ်းနည်းအောင် လုပ်မိလို့ တောင်းပန်ပါတယ် "
ငုံ့ကျသွားတဲ့ မျက်နှာကို ဆွဲယူမော့လိုက်တော့ မျက်နှာသေးသေးလေးဟာ ချန်းယောလ်ရဲ့ လက်ဖဝါးနှစ်ဖက်ထဲမှာ အံ၀င်ခွင်ကျဖြစ်လို့နေတယ်။
"တစ်ကယ်မကောင်းတဲ့သူက ငါဖြစ်ခဲ့တာ သိလား ငါလေ ဘတ်ခ်ဟျွန်းနီးကို သိပ်ချစ်တာ..."
လက်ဖဝါးထဲက မျက်နှာနုနုရဲ့ တရိပ်ရိပ်ရဲတက်လာတဲ့ မျက်နှာကို အနီးကပ်မြင်နေရတာက ဘယ်လိုရင်ခုန်စရာကောင်းမှုမျိုးလဲ။
"ဟိုးငယ်ငယ်ကတည်းက ချစ်ခဲ့တာ အေးဆေးနေတတ်လွန်းတဲ့ မင်းကို နှောက်ယှက်သလိုဖြစ်မှာတွေ ငါ့ရင်ထဲက အချစ်ကို သေချာမသိသေးခဲ့တာတွေနဲ့ ငါက သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တာ "
![](https://img.wattpad.com/cover/282594815-288-k728435.jpg)