Part - 22.1 (Z+U)

7.2K 1.1K 18
                                    

🍼 မင်းက တစ်ကယ့် ရှားပါး ဖြစ်စဉ်ဘဲ • 1 |(Uni)

နောက်တစ်နေ့မှာတော့ ချိယွီတစ်ယောက် အားအင်အပြည့်နဲ့ တက်ကြွကာလန်းဆန်းလို့နေပြီဖြစ်တာကြောင့် ယွီကျိုးလေးနဲ့အတူ ဆေးရုံကိုသွားဖို့ပြင်တော့တယ်။

ဒါက သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် အတူတူအပြင်ထွက်တာဘဲ။

အစပိုင်းမှာတော့ ချိယွီကအရာအားလုံးကို ရိုးရှင်းမယ်လို့ ထင်ခဲ့ပေမယ့်၊ Nannyပြင်ဆင်ပေးထားတဲ့ ဖောင်းပွနေတဲ့ ကလေးထိန်းအိတ်ကို ကြည့်လိုက်တော့ သူ အံအားသင့်သွားခဲ့ရတယ်။

အိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့-


အနှီးများ၊ နို့ဗူးများ၊ ရေနွေးအိတ်များ၊ သယ်ယူရလွယ်ကူသော နို့မှုန့်များ၊ ပုဝါများ၊ အကျီအသေးများ၊ ဦးထုပ်ငယ်‌လေးများ... အမျိုးမျိုးသော အရာများကို အထဲမှာ အပြည့်ထည့်ထားသောကြောင့် အလွန်လေးလံလို့နေတယ် ။

ပထမကတော့ ချိယွီက လတ်ဆတ်တဲ့လေကောင်းလေသန့်ရရှိရန်အတွက် သူတို့နေတဲ့လူနေရပ်ကွက်နဲ့ ဆန့်ကျင်ဘက်မှာရှိတဲ့ အများပိုင်ရေကန်ပန်းခြံတစ်ဝိုက်မှာ လမ်းလျှောက်ဖို့ ယွီကျိုးလေးကို ခေါ်သွားချင်ခဲ့တာဖြစ်တယ် ။ သို့သော်လည်း ချိယွီက အခုလိုအနေအထားမျိုးနဲ့တော့ ရေကန်ကို သွားချင်စိတ်မရှိတော့တာကြောင့် ဆေးရုံကိုသာတိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်တယ်။


"မင်းက ကားတွေကိုကြိုက်တယ်မလား?"



Taxi နောက်ခုံမှာထိုင်နေတဲ့ ချိယွီက ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း ဖြတ်သန်းသွားတဲ့ ရှုခင်းတွေကို ယွီကျိုးလေးကို ညွှန်ပြလိုက်တယ်။

သို့သော်လည်း ယွီကျိုးလေးကတော့ အပြင်ဘက်ကရှုခင်းတွေကို စိတ်ဝင်စားပုံမပေါ်ပေ။ အဲ့ဒီအစား သူကခေါင်းငုံ့ပြီး သူ့လက်ချောင်းလေးတွေနဲ့ ကားထဲရှိနေရာအနှံ့ကို ဟိုလျှောက်ထိဒီလျှောက်ထိလုပ်နေကာ သူ့မျက်လုံးလေးတွေကလဲ စူးစူးရဲရဲ တောက်ပလို့နေတယ်။

ခဏအကြာမှာတော့ ယွီကျိုးလေးက သူ့လက်ကလေးတွေကို ပြတင်းပေါက်ဆီ ရွှေ့လိုက်တယ်။ သူက မှန်ပြင်ကို လက်ညိုးနဲ့ တို့ထိနေပြီး လက်နဲ့ ပြင်းပြင်းထန်ထန် စတင်ခေါက်လာတော့တယ်။


『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now