Part - 22.2 (Z+U)

7.9K 1.2K 63
                                    

🍼 မင်းက တစ်ကယ့် ရှားပါး ဖြစ်စဉ်ဘဲ • 2 |(Uni)

သူခေါင်းကိုလှည့်လိုက်တော့ လူငယ်က ချိယွီကိုအကြည့်တစ်ချက်နဲ့အတူ ပြုံးပြလာခဲ့တယ်။

'သနားစရာကောင်းတဲ့ wenchလေး?'

ဒီလိုမျိုးအခေါ်ခံလိုက်ရတာက ချိယွီကို ပိုပြီးတော့တောင်စိတ်ရှုပ်ထွေးလာစေတယ်။

ထိုလူ့ကိုကြည့်ရင်း၊ သူ့မှာ ကျားမခွဲခြားနိုင်စွမ်းက ပိုမိုဆိုးရွားလာတယ်လို့ ချိယွီတွေးလိုက်မိတယ်။သူ့မှာ သိသာထင်ရှားတဲ့ Alpha‌ တွေကလွဲလို့ တခြားလိင်အမျိုးအစားများကို ခွဲခြားနိုင်စွမ်းမရှိပေ။

တကယ်တော့ ဒီကမ္ဘာကြီးမှာ လူတစ်ယောက်ရဲ့ ဘောင်းဘီထဲမှာ ဘာတွေရှိတယ်၊ဖုံးကွယ်ထားတယ်ဆိုတာ ဘယ်သူကသိနိုင်မှာလဲ?။ မိန်းကလေးရဲ့ စကတ်အောက်ကဟာက သူ့ထက်တောင် ပိုကြီးတာလည်း ဖြစ်နိုင်တာဘဲ။ဒါမှမဟုတ် အမျိုးသားတစ်ယောက်ရဲ့ ဘောင်းဘီအတွင်းမှ မျိုးပွားအင်္ဂါအစုံအလင်၊ ကိုယ်ဝန်ဆောင်နိုင်တဲ့ သားအိမ်တွေပါရှိတာလည်းဖြစ်နေနိုင်တာဘဲ။

beta အများစုက ပျမ်းမျှအသွင်အပြင်နဲ့သာဖြစ်သော်လည်း၊ ရုပ်ထွက်ကောင်းသူများစွာရှိသည်။

ပြီးတော့ သူ့ရှေ့က ဒီကောင်ကလည်း တော်တော်ကြည့်ကောင်းနေသည်လေ ။

ထိုလူက ပိန်လှသည်မဟုတ်သော်ငြားလည်း ကြွက်သားအပြည့်နှင့် ခန္ဓာကိုယ်မျိုးလည်းမဟုတ်ပေ။ သွယ်လျတဲ့ခန္ဓာကိုယ်နှင့် ချောမောတဲ့ မျက်နှာရှိကာ ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို ၀တ်ဆင်ထားပြီး ဘွဲ့ရပြီးခါစ ကောလိပ်ကျောင်းသားလေးကဲ့သို့ သပ်ရပ်တက်ကြွနေကာ သူရဲ့လှုပ်ရှားမှုတိုင်းကလည်း မောက်မာမှုနဲ့ လွန်ကဲမှုတို့ဖြင့် ပြည့်နှက်လို့နေတယ်။

သူက ချမ်းသာတဲ့မိသားစုရဲ့ သားဆိုတာ အလွန်ကိုသိသာလှတယ်။

မေးခွန်းကတော့ : သူက betaလား omega လားဆိုတာဘဲ?

ထိုသူ့ စကားတွေကိုကြားအပြီးမှာတော့ ဒီလူက မူလချိယွီရဲ့အချစ်ပြိုင်ဘက်ဖြစ်မယ်လို့ ချိယွီခံစားလိုက်ရတယ်။ သို့သော်လည်း ၊ 'သနားစရာ' ဟူသော စကားလုံးကို ရွဲ့စောင်းသုံးခြင်းက လှောင်ပြောင်ခြင်း နဲ့ ရင်းနှီးမှု နှစ်မျိုးလုံးကို ဖော်ပြနိုင်ပေသည်။ ဒါ့ကြောင့် ဒီလူက မူလချိယွီရဲ့ သူငယ်ချင်းဖြစ်ကောင်းဖြစ်နိုင်သည်။ဒီတော့ မူလချိယွီက ဟယ်ကျိုးကို လိုက်တဲ့အခါမှာ သူကထားသွားခြင်းကိုခံခဲ့ရတာများလား ?

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ』COMPLETE in paid gpWhere stories live. Discover now