|6|

6.7K 1K 46
                                    

《Unicode》

အခန်း (၆)
အသေးစားအသူရာတိုက်ပွဲတစ်ခု... ရှာလကာရည်နံ့ကရှယ်ပြင်းထှာ !

ယွီချန် ဥက္ကာပျံတစ်ခု၏အလျင်နှင့်ပျံသန်းလာပြီး ဟိတ်ဟန်ပါဝါအပြည့်ဖြင့် လင်းချင်းနှင့် စွင်းနော့တို့အလယ်တွင်ထိုင်ချလိုက်သည်။ ရွှီဟန်ကတော့ သူ၏ဆန့်ကျင်ဘက်တွင်ထိုင်ရန် ဖိအားပေးခံလိုက်ရသည်။ စွင်းနော့ ခုလေးတင်ရောက်ချလာသော လူနှစ်ဦးအားကြည့်ပြီး ချီတုန်ချတုန်ဖြင့် ယွီချန်အားမည်သို့မိတ်ဆက်စကားစရမည်အား အပြင်းအထန်စဉ်းစားနေတော့သည်။

“ခင်ဗျားကဘာလို့ ဒီရောက်နေတာလဲ?” လင်ချင်းတုတ်ထိုးတစ်ချောင်းစားရင်း တည်ငြိမ်စွာ စကားဆိုသည်။

ယွီချန် မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး “ငါကလာလို့မရဘူးလား ?” သူပြန်မေးပြီးပြီးချင်း ခေါင်းတငြိမ့်ငြိမ့်နှင့် “အင်း..ငါမလာသင့်ဘူးထင်ပါတယ်လေ”

သူ စွင်းနော့ဖက်လှည့်ကာ အပြုံးတုကြီးဆင်မြန်းလို့ “ဟုတ်တယ်မလား ?”

ယုန်ဖြူလေးစွင်းနော့ : .....

ယွီချန်သရော်လိုက်ပြီး စားပွဲထိုးအား သူ့အတွက်ရေတစ်ခွက်ထည့်ခိုင်းလိုက်ပါ၏။

စွင့်နော့ ကြောက်ဒူးတုန်ကာ “ဟိုလေ အစ်ကိုကြီးရေ..ကျွန်တော်နဲ့ အစ်ကိုလင်၊ ကျွန်တော်တို့နှစ်ယောက်ဘာမှမလုပ်ကြပါဘူး။ အစ်ကိုရွှီကိုမေးကြည့်လို့ရပါတယ်”

“ဟုတ်တယ်..ရှောင်ယွီ။ သူတို့တကယ်ကြီးကို ဘာမှမလုပ်ကြပါဘူးကွာ”

“တစ်စုံတစ်ယောက်က အဆောက်အဦးပေါ်ကတောင်ခုန်ချပြီး* မင်းကိုလာတွေ့တာလေ ကိစ္စမရှိဘူးလား ?”

(T/N သူ့ဘာသာသူသေတွင်းတူပြီးလို့လဲ အဓိပ္ပါယ်ရပါတယ်တဲ့)

သူ ပျော်ရွှင်စွာစားနေသော လင်ချင်းအား စူးစိုက်ကြည့်ပေးလိုက်ပြီး “မင်းတို့နှစ်ယောက်သာ ဆက်ဆံရေးတစ်ခုစတင်ပြီဆိုရင် ငါမှန်းကြည့်ရသလောက် ခုနလေးတင်ကဘဲ ဖြစ်မှာ”

စွင်းနော့သီးသွားရကာ ပြင်းပြင်းချောင်းဆိုးလေတော့သည်။

လင်ချင်း ရေနွေးတစ်ခွက်အား ‌သူ့ရှေ့တွန်းပေးလိုက်ရင်း နူးညံ့စွာပြောလေသည်။ “ရေနဲနဲသောက်လိုက်”

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now