|47|

3.6K 659 71
                                    

《Unicode》

‌အခန်း (၄၇)
ရှောင်ယွီ : ငါ့ဇနီးလေးနဲ့ ချင်ယန့်ယွီရဲ့ အချစ်ရေး ဖော်ထုတ်ခံလိုက်ရတယ် !?

ကိစ္စက အတော်လေးကို ရုတ်ခြည်းဆန်သွားသည်။

ဒီပြဿနာက ပါပါရာဇီတွေရဲ့အမှားမဟုတ်ဘဲ တိတ်တိတ်လေး ဗီဒီယိုမှတ်တမ်းယူသွားတဲ့ လူတစ်ဦးကြောင့်သာ။

ဒီလူ ဟိုဟယ်ထဲဘယ်လိုဝင်ပြီး ချင်ယန့်ယွီ လင်ချင်းအခန်းကထွက်တဲ့အချိန်နဲ့ သွားတိုက်ဆိုင်လည်း မသိရချေ။

ပြီးတော့ သူမအေးဂျင့်ရော လက်ထောက်ရောမပါဘဲ ချင်ယန့်ယွီ လင်ချင်းအခန်းထဲမှာ 2နာရီကြာနေခဲ့တယ်။ ၁၁နာရီထိုးမှသာ မျက်နှာတစ်ခုလုံး အပြုံးဝေဝေဆာဆာနဲ့ ပြန်သွားတာ။

ထိုလျှို့ဝှက်ဗီဒီယိုက သူမ လင်ချင်းအခန်း အဝင်နဲ့ အထွက်မှတ်တမ်းကို ရိုက်ယူထားခြင်းဖြစ်သည်။

ထိုဗီဒီယိုကို အွန်လိုင်းပေါ်တွင် စိတ်အားထက်သန်စွာ ရေးထားသော မှတ်ချက်နှင့်အတူ တွဲတင်ထားလေသည် :

【 ငါအရမ်းစိတ်ပျက်တယ် !! ငါအရမ်းစိတ်ပျက်တယ် !!! ငါ fan ဆက်မလုပ်နိုင်တော့ဘူး !! ဒီနေ့ကစပြီး ငါက ချင်ယန့်ယွီ anti ဘဲ ! ငါပြောချင်တာကတော့ သူမဘယ်လိုများ ဒီရှိုးမှာပါဖို့ဖြစ်သလိုရွေးချယ်နိုင်ရတာလဲ ! ထောက်ပြရရင် သူမအရင်က အနားယူအုံးမယ်ပြောခဲ့တာ ပြီးတော့မှ တစ်ဖက်လှည့်ပြီး ငါတို့အားလုံးကို မျက်နှာဖြတ်ရိုက်သွားတာ !!! အချစ်အတွက်တဲ့လား !! ကိုယ့်ထူးကိုယ်ချွန်တာပေါ့ !!! ဒီလိုနမော်နမဲ့နိုင်တာက ငါ့ရဲ့သဘောကျမှုနဲ့ လုံးဝမထိုက်တန်ဘူး !! 】

တစ်ကြိမ်တင်ရုံတောင်မလုံလောက်။ ထိုအစား သူတို့ထပ်တလဲလဲတင်ကြ၏။

ချင်ယန့်ယွီရဲ့ပျောက်ရှFan :【 မင်းကမိန်းကလေးလေ အဲ့ဒါကို ညလယ်ခေါင်ကြီး နှစ်နာရီလောက် တခြားလူအခန်းမှာသွားနေရဲတယ် ! မင်းပြန်ထွက်လာတော့ မျက်နှာတွေနီမြန်းပြီး အပျော်တွေထုံလို့ ! သူက မင်းအချစ်နဲ့ အဲ့လောက်တောင်ထိုက်တန်သလား ?! သူနဲ့ဘာလုပ်နေတာလဲ ? သူ့ကိုတွန်းတင်ပေးနေတာလား ? သူ့ရဲ့၁၈တန်းစားအဆင့်ကို မြှင့်တင်ပေးချင်နေတာလား ? တခြားသရုပ်ဆောင်တွေကို လစ်လျူရှုနေကျမလား ? ပြောစရာစကားမရှိဘူး ! အဆုံးကျ ဒီလိုပုံစံတဲ့လား ! ကြာပွတ်နဲ့ဘဲတန်တယ် ! 】

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now