|25|

5.3K 796 89
                                    

《Unicode》

အခန်း ( ၂၅ )
ငုံ့ကိုင်းလို့ လင်ချင်း၏မျက်ဝန်းလေးအား အနမ်းပေးလိုက်သည်

ယွီချန် : ...

“ မင်းထင်သလို မဟုတ်ဘူး ” ယွီချန်ရှင်းပြပါတော့၏ ။

လင်ချင်း ကိစ္စတွေကမြင်သလို မဟုတ်ဘူးဆိုတာ ခန့်မှန်းမိသား ။ ယွီချန် အချစ်အကြောင်း စကားမစဘူးသဖြင့် တခြားသူများလည်း သိမည်မဟုတ်ပေ ။

သို့သော် ရွှီဟန်စကားကြောင့် သူ့သံသယတို့ မြင့်တက်လာရသည် ။ ဘာကြောင့် ဥက္ကဌတစ်ယောက်က စတားပိစိလေးကို အကဲဖြတ်ဖို့ လိုရတာလဲ ?

သူတို့ အခွင့်အရေးအရင်းအမြစ်တက်လမ်းအတွက် အတူအိပ်ခဲ့တာမဟုတ်ရင်ဖြင့် ငုတ်တုပ်လေးထိုင်ပြီး ဒဿနအကြောင်းဆွေးနွေးနေတာဖြစ်နိုင်မလား ?

သူ ယွီချန်အားကြည့်လိုက်ပြီး တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းချက်ကို စောင့်နေပါ၏ ။ သို့ရာတွင် ယွီချန်ပါးစပ်ဟဖို့ အခွင့်အရေးမရခင် ပြဿနာအိုးရွှီဟန်မှ အလျင်အမြန်ဖြတ်ပြော‌တော့၏ ။

“ မရီး အဲ့လိုမဟုတ်ပါဘူး.. ရှောင်ယွီက... ”

“ ရွှီဟန် ” ယွီချန် ဖြတ်ပြောသည် ။
“ င့ါဘာသာရှင်းပြမယ် ”

သူ လင်ချင်းအား ရှုပ်‌ထွေး‌သောခံစားချက်တို့ဖြင့် ကြည့်လိုက်သည် ။ သူ လင်ချင်းကိုတစ်နေ့‌ပြောရမည်မှန်း သိသော်လည်း ဒီလိုအခြေအနေအောက်တွင်ပြောရမည်ဟုတော့ မမျှော်လင့်ခဲ့ပါ ။

“ ချန်ဟုန်မင်က ကိုယ်တို့ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်ပါ.. ကိုယ်ရယ် ဟော့ချီ နဲ့ ရွှီဟန်ရယ် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုထောင်ပြီး ချန်ဟုန်မင်အပါအဝင် တခြားအနုပညာတစ်ချို့နဲ့ စာချုပ်ချုပ်ထားကြတာ.. အချိန်တိုလေးအတွင်းမှာ ကိုယ်တို့အနေနဲ့ အကုန်လုံးကို ကျော်ကြားအောင် မလုပ်ပေးနိုင်ဘူးလေ.. ဒါကြောင့် နည်းနည်းစနည်းနာပြီး ချင်ယန့်ယွီကို ကိုယ်တို့ရဲ့ထိပ်တန်းအမျိုးသမီးအနုပညာရှင်အဖြစ် ချန်ဟုန်မင်ကို ထိပ်တန်းအမျိုးသားအနုပညာရှင်အဖြစ် မျက်နှာသာပေးဖို့ ဟော့ချီ နဲ့ကိုယ်ဆုံးဖြတ်ခဲ့တာ.. အဲ့ဒါအကုန်ဘဲ ”

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now