|33|

4.4K 768 63
                                    

《Unicode》

အခန်း (၃၃)
ချင်ယန့်ယွီရဲ့ ပါဝါပြခြင်း

[ P/N - 下马威 ကဘယ်လိုပြောမလဲ ကိုယ့်ရန်သူကို စစချင်းမှာဘဲ သန်မာမှုပါဝါအပြည့်နဲ့ စတိုက်ခိုက်တာမျိုးပါ။ ပါဝါပြခြင်း ဘဲရေးလိုက်ပါတယ် ]

လင်ချင်း : ...

မျှော်လင့်ထားသလိုပါဘဲ တဖက်လူက သူ့ကိုလက်ခံဖို့ ဆန္ဒမရှိ ။

ဒါကလုံးဝကို နားလည်နိုင်ပါတယ် ။

ဂရုမစိုက်စွာ ပြုံး၍ လင်ချင်း မိတ်ကပ်ဆရာမအား ဆက်လက်ပြင်ခိုင်းထားလိုက်သည် ။ ရှေးခေတ်ဝတ်စုံသည် ယောက်ျားလေးများအတွက်တောင် လေးလံဝန်ပိစေသည် ။

လင်ချင်း အဝတ်အစားလဲပြီးချိန်တွင် ၃ နာရီတောင်ထိုးတော့မည် ။


ဒါရိုက်တာလည်း ရိုက်ကွင်းရောက်နေပြီး အဖွဲ့ကလည်း လိုအပ်သည့်ပစ္စည်းများကို တပ်စဉ်ပြီးဖြစ်သည် ။ သူတို့ယခုတခြား သရုပ်ဆောင်များအား အစမ်းကြိုတင်သရုပ်ပြခွင့် ပေးထားသည် ။

ရှောင်လျို လင်ချင်း ခဏတော့ ဘာမှရိုက်ကူးစရာမရှိသောကြောင့် ပြောလိုက်သည် ။

“ အစ်ကိုလင် အကုန်ပြင်ဆင်ပြီးပြီဆိုမှတော့ ကျွန်တော်ဓာတ်ပုံရိုက်ပေးမယ် ပြီးရင် Weibo ပေါ်တင်လိုက် ”

“ အိုကေ ” လင်ချင်း သဘောတူသည် ။

ရှောင်လျို သူ့ဖုန်းကိုထုတ်ပြီး ဓာတ်ပုံစရိုက်ပြီးနောက် ခဏနေတော့ ဓာတ်ပုံတွေအား ပို့လိုက်သည် ။

လင်ချင်း Wechat အားဖွင့်ပြီးနောက် တိတ်ဆိတ်သွားတော့သည် ။

သူ လင်ချင်းစကားမပြောတော့သည်အား မြင်သော် ရှောင်လျိုမေးမိတော့သည် ။

“ ကျွန်တော့်ဓာတ်ပုံတွေက ဆိုးရွားနေလို့လား ? ”

လင်ချင်း သူ့ကိုကြည့်ပြီး ပြုံးသည် ။

“ မင်းက လူဖြောင့်ကြီးဖြစ်ရမယ်.. အနုပညာနဲ့ဆိုင်တဲ့ အရည်အသွေးလုံးဝ မရှိဘူး ”

ရှောင်လျို : ????

သူတို့တွေဘဲ ဒီလိုကြည့်ရဆိုး ပုံဆိုးပန်းဆိုးပုံတွေ ရိုက်တတ်တာ ။

{ရပ်နား} ရုပ်ရှင်ဧကရာဇ်က နေ့တိုင်းကွာရှင်းချင်နေတယ်『ဘာသာပြန်』 Where stories live. Discover now